"ဘာလို့ တစ်စုံတစ်ရာက ကျွန်မကို စိတ်ထိခိုက်စေလိမ့်မယ်လို့ တွေးရတာလဲ? ဒီလို ရူးသွပ်တဲ့ အကြံအစည်မျိုး ရှင်ဘယ်ကရတာလဲ" ဘက်ကာက စိတ်လှုပ်ရှားစွာ ရယ်မောလိုက်ခဲ့ပေမယ့် သူနှင့် မျက်လုံးချင်းမဆုံမိစေရန် သူမမျက်လုံးများက လီယို့ကား၏ အစိတ်အပိုင်းတိုင်းကို စတင်စစ်ဆေးခဲ့သည်။
"ကိုယ်က မျက်ကန်းမဟုတ်ဘူး ဘက်ကာ။ မင်းပြုံးနေရင်တောင် မင်းမျက်လုံးထဲက ဝမ်းနည်းမှုကို ကိုယ်မြင်ရတယ်။ ဒါကြောင့် ကိုယ့်ကိုကိုပြောပြပါ အချစ်...၊ မင်းရဲ့လျှို့ဝှက်ချက်တွေကို လုံလုံခြုံခြုံထားပေးမှာပါ" သူက သူမအား ချော့မော့ပြောဆိုလိုက်ပြီး သူမက သက်ပျင်းချလိုက်သည်။
"ကျွန်မလည်း နားမလည်ဘူး လီယို။ အဲ့တာက ရှုပ်ထွေးတယ်။ ကျွန်မကိုယ်တိုင်လည်း ရှုပ်ေထွးနေတယ်။ အဲဒါကို မေ့ထားလိုက်ေတာ့။ တခြားအကြောင်း ပြောရအောင်။ လီယိုနာဒိုကိန်းက သူ့အမျိုးသမီးတွေကို ဘယ်လောက်တောင် ကောင်းကောင်း ဆက်ဆံရလဲဆိုတာကို ကျွန်မသိချင်လွန်းလို့ သေတော့မယ်"
ဘက်ကာ သည် လီယို ၏ ကျောရိုးအောက်သို့ သူမ၏လက်ချောင်းများကို ချပြီး သူတို့၏စကားဝိုင်းကို ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းပြောင်းကာ သူ့မေးခွန်းကို ဖယ်ရှားလိုက်သည်။လီယိုက သူမကို ပြုံးပြပြီး သူမဘာလုပ်ဖို့ ကြိုးစားလုပ်နေလဲ သူသိပေမယ့် တားရမယ့်အစား သူမကို ဆက်ပြောခွင့်ပြုလိုက်သည်။ သူမ ဘယ်အထိ သွားမလဲ ဆိုတာကို သူသိချင်နေတယ်။
" ဘာကြောင့်လဲ?" သူသည် သူမအား ရွှတ်နောက်နောက်အမူအရာဖြင့် မျက်လုံးေမှးလိုက်သည်။
"ဘာကြောင့်လဲ ဆိုတာ ရှင် ဘာကိုဆိုလိုတာလဲ ? ဟုတ်ပါတယ်။ ကျွန်မသာ ရှင့်အပိုင်ဖြစ်သွားရင် ရှင် ကျွန်မကို ဘယ်လောက်ကောင်းကောင်း ဆက်ဆံမှာလဲဆိုတာကို သိချင်လို့..." သူမသည် သူမ၏လက်ချောင်းများကို ယှက်ကာ လီယိုအား ချိုချိုသာသာ ပြုံးပြနေခဲ့သည်။ လီယိုသည် သူ၏ ရင်ဘတ်တွင် နှလုံးခုန်သံပြင်းပြင်းထန်ထန် ခံစားလိုက်ရလေသည်။