ဘက်ကာသည် ခေါင်းဆတ်ခနဲ လှုပ်သွားပြီး တစ်ဖက်သို့လှည့်လိုက်သည်။ အိပ်မက်ဆိုးတွေက သူမဆီ ထပ်လာနေခဲ့သည်။ သေနတ်သမားသည် အနက်ရောင်ဝတ်ဆင်ကာ သူ၏အဝတ်အစားနှင့်လိုက်ဖက်သော သေနတ်တစ်လက်ကို ကိုင်ဆောင်ထားသည်။ သူမ ငိုယိုပြီး တောင်းပန်ခဲ့ပေမယ့် ဘာမှမထူးခဲ့ပေ။
အဲ့ဒီလူက နားမထောင်ဘူး။ ရပ်ရမယ့်အစား သူ၏လက်ချောင်းသည် ခလုတ်ကို ဆွဲလိုက်ကာ ထွက်လာသောကျည်ဆန်သည် သူမဆီသို့ တိုးဝင်လာခဲ့သည်။
လန့်နိုးလာသောအခါတွင် လီယို၏အမည်သည် သူမနှုတ်ခမ်းပေါ်မှ ပေါ်ထွက်လာခဲ့သည်။ နဖူးပေါ်မှ ချွေးသီးများကျနေရင်း လီယိုအားရှာဖွေရန် အခန်းထဲသို့ ရှာဖွေနေစဉ်တွင် မျက်ရည်များက မှုန်ဝါးဝါးဖြစ်နေခဲ့သည်။
"လီယို?" သူ့ကိုအောက်ထပ်တွင်ရှာဖွေရန် ကုတင်ပေါ်မှဆင်းလိုက်သော်လည်း ရေချိုးခန်းတံခါးဖွင့်သံကြားသဖြင့် သူမ ခေတ္တရပ်တန့့်လိုက်သည်။ ရေချိုးခန်းထဲမှ ထွက်လာသည့် သူ့ကိုကြည့်ရင်း သူမ နှလုံးသား တစ်ဒိတ်ဒိတ်ခုန်လာခဲ့သည်။
"မင်း အိပ်ယာထဲကထပြီး ဘာလုပ်နေတာလဲ" လီယိုက သူ့ဆံပင်တွေကို မျက်နှာသုတ်ပုဝါနဲ့သုတ်နေပြီး နူးညံ့စွာမေးလိုက်သည်။ လီယိုသည် သေနတ်ကို သေသေချာချာ ဝှက်ထားပြီးနောက် သူ့ခန္ဓာကိုယ်မှ သွေးနံ့များကို ဆေးကြောရန် ရေချိုးခဲ့သည်။
သူမသည် ပြန်ဖြေမယ့်အစား သူ့ကို စိုက်ကြည့်လိုက်သည်။လီယိုသည် သူမနှင့် အိပ်ရာဝင်သည့် အချိန်တွင် ဝတ်ခဲ့သည့် အဝတ်နှင့်ပင် ဖြစ်နေသည်ကိုသတိထားမိတာကြောင့် သူ အခန်းထဲက မထွက်သွားခဲ့ဘူးဟု တွေးလိုက်သည်။
လီယိုသည် သူမမျက်လုံးထဲတွင် ထိတ်လန့်နေသည့်အကြည့်ကို မြင်လိုက်ရသောကြောင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ "အိပ်မက်ဆိုးတွေ ထပ်မက်ပြန်ပြီလား" လီယိုသည် တစ်စုံတစ်ယောက်ရဲ့ ခေါင်းကို မပစ်လိုက်သလို နူးညံ့တဲ့မျက်လုံးတွေနဲ့ မေးခဲ့သည်။ ဘက်ကာက ခေါင်းညိတ်ပြကာ လီယိုကို သိုင်းဖက်ထားလိုက်တော့သည်။
"ဒီကိုလာ...." လီယိုသည် သူ့ပုဝါကို ပခုံးပေါ်တင်လိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်ကာ သူမကိုပွေ့ဖက်ဖို့ ခေါ်လိုက်သည်။ ဘက်ကာသည် မျက်ရည်စများနှင့်အတူ လက်နှစ်ဖက်ဖွင့်ထားသောသူကို စိုက်ကြည့်ကာ သူပြောသည့်အတိုင်း သူ့ဆီသို့သွားလိုက်သည်။