Chapter 36

874 60 5
                                    

လာဇာရို ၏ ဗီလာ.....

"ဘော့စ်၊ မနေ့ညက ဗီလာတံခါးရှေ့မှာ ဒီထူးဆန်းတဲ့သေတ္တာကို တွေ့လိုက်ရတယ်။ လုံခြုံရေးကင်မရာတွေကို စစ်ဆေးကြည့်တော့ တစ်စုံတစ်ယောက် ထားခဲ့တာဖြစ်နေတယ်။"

လာဇာရို ၏ သက်တော်စောင့်က သူ့လက်ထဲတွင် လှပစွာထုပ်ပိုးထားသော သေတ္တာကိုကိုင်ထားရင်း အမျိုးသမီးငယ်တစ်ဦးနှင့် ထမင်းစားနေသော သူ၏သူဌေးထံ သတင်းပို့ခဲ့သည်။

"ဘာလို့ ဒီကို ယူလာတာလဲ? ဗုံးဖြစ်ရင် ဘယ်လိုလုပ်လဲ"  လာဇာရို မတ်တပ်ထရပ်ပြီး သူ့ကိုယ်ရံတော်ထံ လျှောက်သွားခဲ့သည်။

"ဒါက ဗုံးမဟုတ်ဘူး သူဌေး။ ကျွန်တော် ဗုံးထောက်လှမ်းတဲ့ကိရိယာကိုသုံးပြီးပြီး။ ဘာမှမတွေ့ဘူး။"

အစောင့်က တုံ့ပြန်သည်။ လာဇာရို က သေတ္တာကို ကြည့်ပြီးတော့ သူ့သက်တော်စောင့်ကို ကြည့်လိုက်ချိန် သက်တော်စောင့်က "ဘယ်သူက လာပေးတာလဲတော့ ကျွန်တော် မသိဘူး။"  သူက ဆက်ပြောလိုက်သည်။

"အဲဒါဆို အထဲမှာ ဘာရှိလဲ"  လာဇာရို က စူးစမ်းချင်စိတ်နှင့် မေးလိုက်သော်လည်း သူ့သက်တော်စောင့်က ခေါင်းယမ်းခဲ့သည်။

"ကျွန်တော် မဖွင့်ရသေးဘူး သူဌေး"

သက်တော်စောင့်က ရိုးရိုးသားသားဖြေလိုက်သည်။

"အင်း..ဒါဆို ဘာကိုစောင့်နေတာလဲ?။ ဖွင့်ကြည့်လိုက်။"

လာဇာရို က အမိန့်ပေးခဲ့တာကြောင့် သူ့အစောင့်က ခေါင်းညိတ်ပြခဲ့သည်။

"ဟုတ်​ကဲ့ သူဌေး" လို့ ပြန်​​ဖြေပြီး ​သေတ္တာကို ထုတ်​လိုက်​သည်​။ သူက သေတ္တာအဖုံးကို ချွတ်လိုက်ပြီး အထဲမှ အရာကိုမြင်လိုက်ရသောကြောင့် တုန်လှုပ်သွားကာ ကြမ်းပြင်ပေါ် ချက်ချင်း ပစ်ချလိုက်သည်။

သေတ္တာသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားကာ ၎င်းအတွင်းရှိ လူ၏ဦးခေါင်းသည် လိမ့်ထွက်လာခဲ့သည်။ လာဇာရိုလည်း ကြောက်လန့်သွားကာ နောက်သို့ ဆုတ်သွားခဲ့သည်။

"ဒါက ဘာကောင်ကြီးလဲ? "လာဇာရိုသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ပြောခဲ့သည်။

The Mafia's Queen (Mm Translation)Where stories live. Discover now