လီယိုသည် သူအကြိုက်ဆုံးစံအိမ်တစ်ဝိုက်ကို လိုက်ပြဖို့ရန် ခေါ်ဆောင်ခဲ့သည်။ အရင်ဆုံး သူပြခဲ့သည့်နေရာများက ရေနွေးချိုးခန်း၊ မီးဖိုချောင်၊ ဧည့်ခန်း၊ ဂိမ်းကစားသည့်အခန်း၊ ရုပ်ရှင်ကြည့်သည့်အခန်း၊ အပေါ်ထပ်ရှိအားကစားခန်းမနှင့် တစ်အိမ်လုံးမှာ သူအကြိုက်ဆုံးအခန်းဖြစ်သည့် ဝိုင်သိုလှောင်သည့်နေရာဖြစ်သည်။
လီယိုသည် ထိုအခန်းတွင် ဝိုင်ပုလင်း ရာနဲ့ချီ သိုလှောင်ထားပေမယ့် ဂျော်နီရဲ့ ဝိုင်သိုလှောင်ခန်းနှင့်နှိုင်းယှဥ်ရင်ဒုတိယသာဖြစ်သည်။ဘက်ကာသည် လီယိုအားအသုံးမပြုတဲ့ တခြားအိပ်ခန်းတွေကို ပြပေးဖို့ တောင်းဆိုခဲ့သည်။ သူမ၏ အကြောင်းပြချက်မှာ ရိုးရှင်းစွာနဲ့ စူးစမ်းချင်စိတ်သာ ဖြစ်သော်လည်း လီယိုက သူမအား လိုက်မပြဘဲ အခြားနေရာသို့သာ ခေါ်သွားခဲ့သည်။
သူမ လီယိုနဲ့အတူတူ နေရမယ့်အခန်းရှိပြီးသားကို ဘာလို့ အခန်းတွေအကြောင်း အရမ်း စူးစမ်းချင်နေရတာလဲ?
သူ့ကြောင်မကလေးက တစ်ခုခုကို မျှော်လင့်နေလေသည်။
တစ်စုံတစ်ရာက သူ့ကို လက်ညိုးထိုးမခိုင်းနိုင်ပေမယ့် သူမတောင်းဆိုချက်ကိုတော့ ကျေကျေနပ်နပ်ကြီး လိုက်နာခဲ့သည်။ သူ့ဆီက 'Yes' ဆိုသည့် အဖြေထွက်လာအောင် လုပ်နိုင်သည့် သူမစွမ်းရည်က တကယ်အံ့ဩသင့်စရာပင်။
ထိုသို့ ဖြစ်အောင် သူမလုပ်ရမှာက မျက်တောင်လေးကို ပုတ်ခတ်ပြီး ဝမ်းနည်းတဲ့မျက်လုံးတွေနဲ့ သူ့ကိုစိုက်ကြည့်ဖို့ပါပဲ....
လီယိုသည် သူ လှည့်စားခံရတာကိုသိပေမယ့် သူမကတောက်ပသည့် အပြုံးတွေနဲ့ တောင်းဆိုလိုက်ရင် သူအကောင်းဆုံးဖြစ်အောင် လုပ်ပေးမည်ဖြစ်ပြီး လှည့်စားခံရတာလည်း သိပ်မဆိုးဘူးလို့တောင် ခံစားရစေသည်။
သူမ အလိုရှိတာမှန်သမျှကို သူခွင့်ပြုပြီး သူမ အခြားအခန်းအား ရှာဖွေနေချိန်တွင်လည်း အရိပ်လို အနောက်မှ အနီးကပ်လိုက်ပေးနေခဲ့သည်။ အခန်းက အရမ်းများနေတာကြောင့် နောက်ဆုံးတွင် သူမ လက်လျော့လိုက်သည်။ ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ မိန်းကလေးလဲ....