Chapter 68-2

720 36 2
                                    


လီယို, သူလုပ်ချင်ခဲ့တာတွေအားလုံးက အန္တရာယ်ရှိတဲ့ အရာတွေချည်းပဲ ဖြစ်လေသည်။ သူလုပ်ချင်သည့်အရာတွေအားလုံးကိုလည်း လာဇာရိုက သိလေသည်။ လာဇာရိုသည် သူအပြုအမူတွေအတွက် တန်ပြန်ခံလာရမည်ကို သိပေမယ့် တုတ်တုတ်တောင် မလှုပ်ပဲ ရှိနေတုန်းပင်။ ဒါကြောင့် သူက လုံးဝကြီး ရူးနှမ်းတာပဲလား? ဒါမှမဟုတ် အစီအစဉ်အကြီးကြီး တစ်ခုခုကိုများ ချမှတ်ထားလေသလား?

သူ တစ်ခုခု စီစဉ်ထားထား မထားထား သိပ်ပြီးတော့ အရေးမကြီးပေ။ ဘာပဲဖြစ်ဖြစ် လီယိုက သူ့ကို လက်စားပြန်ချေမှာ ဖြစ်သည်။ သူလွှတ်မြောက်ဖို့ ကြိုးစားရင်တောင်မှ လီယိုသည် သူနှင့် ထိုက်တန်တာကို ပေးဖို့အတွက် သူ့ကို ပုန်းကွယ်နေရာမှ ဆွဲထုတ်လိမ့်မည်ဖြစ်သည်။

ဒါကြောင့် လီယိုသည် အရင်ဆုံး အမ်မီလီအိုကို ဖုန်းခေါ်ခဲ့ခြင်းဖြစ်သည်။ ထိုသူသည် သူ၏ ကျောက်ကပ် နှစ်ခုထက် ပိုက်ဆံကိုပိုချစ်နေပေမယ့် စီးပွားရေးကိစ္စပြောဆိုသည့်အခါမှာတော့ အကောင်းဆုံးဖြစ်နေတုန်းဖြစ်သည်။ အလွန်အမင်းကို သစ္စာရှိတဲ့ သူငယ်ချင်းမျိုးလည်း ဖြစ်သည်။

ထို့နောက်မှာတော့ လာဇာရိုကို ဆွဲထုတ်မည်ဖြစ်သည်။ လီယိုသည် ဒီလိုမစ်ရှင်တစ်ခုပြီးမြောက်ဖို့ရန်အတွက် သူ့လူတွေကို မယုံနိုင်တာကြောင့် သူသည် သေစေနိုင်လောက်သော လူသတ်စက်များကို စီစဉ်ခဲ့ခြင်းဖြစ်သည်။

စဉ်းစားကြည့်မည်ဆိုလျှင် လာဇာရိုသည် ဘုရားတနေသင့်သည်။ လီယိုသည် သူ၏အချိန်များကို ယူပြီး လာဇာရို၏ပိုင်ဆိုင်မှုမှန်သမျှကို သူကြိုက်နှ်သက်သလို ဖျက်စီးပစ်လိမ့်မည် ဖြစ်သည်။

လီယိုသည် သူ၏သေခြင်းအား ဒီလိုပင် ဖြစ်သင့်တယ်ဆိုပြီး ပရိယာယ်မြောက်စွာ စီစဉ်နေလေသည်။

ပြတင်းပေါက်ကိုဖြတ်၍ မနက်ခင်းအလင်းက အခန်းထဲသို့ ရောက်ရှိလာခဲ့သည်။ ဘက်ကာသည် ညည်းညူသံပြုရင်း အလင်းကွယ်သည့်အိပ်ရာဘက်သို့ ရွေ့သွားခဲ့လေသည်။

သူမ၏ ဘေးတွင် လီယိုရှိနေကြောင်း ခံစားမိသောကြောင့် သူမ၏ မျက်လုံးများကို ပိတ်ထားခဲ့ပေမယ့် အမှန်တော့ သူ ထိုနေရာတွင် မရှိပေ။ ထို့နောက် သူမ မျက်လုံးများကို ပွတ်သပ်ရင်း အိပ်ရာပေါ်မှထလိုက်တော့သည်။

The Mafia's Queen (Mm Translation)Where stories live. Discover now