သူတို့၏ မူးဝေစေလောက်သောအနမ်းများပြီးနောက် လီယိုသည် သူ၏နဖူးကို ဘက်ကာ၏နဖူးနှင့်ထိလိုက်ချိန်တွင် သူမ၏ ရင်ဘတ်ထဲရှိ နှလုံးခုန်နှုန်း မည်မျှမြန်နေသည်ကို ကြားလိုက်ရသည်။
သူမသည် တစ်ဖန်အသက်ရှူမဝဖြစ်ကာ လေကို ရှူရှိုက်မိပြန်သည်။
ဘက်ကာသည် အနည်းငယ် မအီမသာဖြစ်ခြင်းကို ခံစားလိုက်ရသောကြောင့် သူ့လည်ပင်းကို ဖက်ပြီး တည်ငြိမ်အောင် ထိန်းထားခဲ့သည်။ ထိုအပြုအမူက သေးငယ်သည့်အမူအရာဖြစ်သော်လည်း လီယို၏နှလုံးသားကို ရွှင်လန်းစေခဲ့သည်။
ဒါက သေးငယ်သည့် အပြုအမူဖြစ်ပေမယ့် အဓိပ္ပါယ် အများကြီး ရှိပါသည်။
နောက်ဆုံးတွင်ဘက်ကာသည် သူနှင့် အလွန်ရင်းနှီးသော အရာတစ်ခုကို ပြုလုပ်ရန် ပထမဆုံး အစပျိုးခဲ့သည်။ ဘက်ကာသည် သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းထားရန် သူ့ကို အသုံးပြုနေသည့်အထိ အလွန်ယုံကြည်ခဲ့သည်။
ဒါတွေအားလုံးအပြင် လီယိုက အပျော်ရွှင်ဆုံးဖြစ်ခဲ့သည်။ အကြောင်းမှာ ဘက်ကာသည် သူ၏အထိအတွေ့ကို မငြင်းပဲ သူ့ကိုလည်း ပြန်ထိတွေ့ခဲ့သောကြောင့် ဖြစ်သည်။
သူမ သူထိတွေ့တာကိုကြိုက်တယ်။ သူမပိုပျော်အောင် သူမကို ပို၍ ပို၍ ထိတွေ့ပေးချင်နေခဲ့လေသည်။
ထိုနေရာ၌ပင် လီယို၏ မျက်လုံးများသည် သူမ၏လေးလံနေသော ရင်ဘတ်ဆီသို့ လှည့်သွားခဲ့သည်။ ထိုအရာက သူမြင်ဖူးသမျှထဲတွင် အလှဆုံးအရာနှစ်ခုဖြစ်ပြီး သူ့ရှေ့တွင် ပင့်သက်ရှိုက်မော ခုန်လှုပ်နေပုံက သူ့ကို ဖျစ်ညှစ်ဖို့၊ ကိုင်တွယ်ဖို့ တောင်းဆိုနေသလိုပင်ဖြစ်နေခဲ့သည်။
သေစမ်း.... သူ ထိုအရာတွေကို နတ်ဘုရားလို ကိုးကွယ်ထားချင်နေပြီ....
"ကျွန်မ ရှင့်ကို အရမ်းလွမ်းတယ်။" ဘက်ကာသည် လီယိုကို မော့ကြည့်ပြီး ပြောလိုက်ချိန်တွင် သူ့အကြည့်တွေအား သူမ၏ကြီးမားလုံးဝန်းသောရင်ဘတ်ဆီမှ ခွာပစ်လိုက်သည်။
"ကိုယ်က မင်းကို ပိုလွမ်းတာ..." လီယိုသည် သူ့ကို သေအောင်သတ်နိုင်ဖို့ ဖြစ်နိုင်ခြေအရှိဆုံးအရာနှစ်ခုကို လှမ်းကြည့်ပြီးနောက် တုံ့ပြန်ခဲ့သည်။ ယောင်္ကျားတွေက တစ်သက်မှာ တစ်ခါပဲသေရမှာ....ဒါကြောင့် သူသေရမည်ဆိုလျှင် ဘက်ကာ၏ ရင်ဘတ်ကြောင့် သေရတာမျိုး ဖြစ်ချင်သည်။ ဒါဆို သူပျော်ပျော်ကြီး သေပေးလိမ့်မည် ဖြစ်သည်။