Chapter-10

2.1K 147 16
                                    


လီယိုသည် နိုင်ငံခြားမှ ဖောက်သည်များ ၏တင်ပြသည့် အဆိုပြုချက်နှင့်ပတ်သက်၍ သူ့လက်ထောက်နှင့် တိုင်ပင်ပြီးသည်နှင့် သူထိုစဉ်းစားချင့်ချိန်နေသကဲ့သို့ သူတို့ အားလုံးကို ကြည့်လိုက်သည်။

ထို အပြုအမူကြောင့် ဖောက်သည်များသည် လီယိုကိန်းအား လှည့်ဖျားနိုင်သွားသည်ဟု ထင်ကြလေသည်။ လီယိုကိန်းသည် ငွေကြေးတန်ဖိုးကို မသိသည့် အမေရိကန် လူချမ်းသာ၏ ကလေးဖြစ်ကြောင်း သူတို့ခန့်မှန်းချက် မှန်ကန်သွားသောကြောင့် ပြုံးရွှင်ကာ အောင်ပွဲခံကြလေသည်။

ဘယ်လိုလဲ?

ပထမဆုံး အနေနှင့် လီယိုသည် အမေရိကန်မဟုတ်ပဲ စပိန်နဲ့ အီတလီနွယ်ဖွားဖြစ်‌ေလသည် ။  လီယို ၌ အီတလီ လေယူလေသိမ်းတောင်ရှိခဲ့ပြီး ထိုအရာကို သူတို့ လွဲချော်သွားခြင်းက သူတို့၏ မိုက်မဲမှုကို သက်သေပြခဲ့‌ေလသည်။

ဒုတိယအနေနဲ့၊ လီယိုကိန်းသည် ရွှေဇွန်းကိုက်ပြီး မွေးဖွားလာပေမယ့်  ဇွန်းကို ဖယ်လိုက်သည့် အချိန်မှစ၍ အပေါ်ချည်းသာ တက်လှမ်းခဲ့လေသည်။  အခု သူ ဒီနေရာတွင် ရှိနေသည့် အကြောင်းရင်းက သူဟာ ဘယ်လောက်ထိ ဆိုးညစ်သည့် မားဖီးယား ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း သက်သေပြဖို့ပင် ဖြစ်သည်။

လီယို က သူတို့၏ အပြုံးကို မြင်ပြီး ပြုံးလိုက်မိသည်။ သူဟာ သူများတွေကို မျှော်လင့်ချက်အမှားတွေ ပေးရတာ ကြိုက်သူပင်။ ဒါပေမယ့် သူတို့ကို အဲ့မျှော်လင့်ချက်လေးတောင် မပေးချင်တော့ပဲ အပြတ်ရှင်းချင်မိ‌လေသည်။ သူတို့နဲ့ ထပ်မပတ်သက်ချင်တော့ဘူး!!

သန့်ရှင်းသော ရာဇ၀တ်မှုဖြင့် သတ်ဖြတ်ခြင်းနှင့် သွေးချောင်းစီးသတ်ဖြတ်ခြင်းကြားတွင် ကြီးမားသော ခြားနားချက်ရှိသောကြောင့် လီယိုက ၎င်းတို့ကို သေချာကိုင်တွယ်မည်ဖြစ်သည်။  လီယို သည် အရက်စက်ဆုံးသောနည်းဖြင့် ထိုလူဆိုးများကို အခုချက်ချင်း သတ်ပစ်ချင်သော်လည်း၊ သူသည် မလိုအပ်သောကိစ္စများကို မုန်းတီးသူဖြစ်ပြီး သူတို့၏ဘဝက ကမ္ဘာကြီးအတွက် အနှောက်အယှက်ဖြစ်ရုံမျှသာဖြစ်သည်။  ထို့ကြောင့်သူက  ကမ္ဘာကြီးကို အမှိုက်သရိုက်များ ဖယ်ရှားခြင်းဖြင့် ကူညီပေးခဲ့သည်။  လီယိုသည် သူ့ကိုယ်ရံတော်တစ်ယောက်ဆီ လှည့်ပြီး အချက်ပြပေးကာ အားလုံးကို သူ ကောင်းကောင်းသိကြောင်း တိတ်တဆိတ် အမိန့်ပေးလိုက်သည်။

The Mafia's Queen (Mm Translation)Where stories live. Discover now