Atlasဘက်ကာသည် သူမ၏ ရုံးခန်းထိုင်ခုံတွင် ထိုင်ကာ စားပွဲပေါ်ရှိ စာရွက်ပေါ်တွင် တစ်ခုခုရေးခြစ်နေခဲ့သည်။ သူမသည်အစည်းအဝေးမှ ပြန်လာခဲ့သော်လည်း အများစုကိုဘာမျှနားမထောင်ခဲ့သောကြောင့် ထိုနေရာတွင် ဆွေးနွေးခဲ့သည့် စကားလုံးတစ်လုံးပင် မမှတ်မိတော့ပေ။ ဒါပေမယ့် သူမ ဂရုမစိုက်ပါဘူး။
ဒါက မူလတန်းကျောင်းထပ်တူနေပြန်တယ်။
သူမ၏ ခန္ဓာကိုယ်သည် ရုပ်ပိုင်းဆိုင်ရာအရ ရုံးခန်းထဲတွင်ရှိနေသော်လည်း သူမ၏စိတ်သည် အခန်းထဲတွင် မရှိပေ။ သူမသည် အမြဲတမ်း စိတ်ကူးယဉ် အိပ်မက်မက်သူ ဖြစ်သော်လည်း သူမ၏ အတွေးများကို ဘယ်သောအခါမှ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပေ။ ယခု တစ်ကြိမ်မှာတော့ထိုမထိန်းချုပ်နိုင်မှုက ပိုမိုဆိုးရွားလာခဲ့သည်။ သူမ သူနှင့်နောက်ဆုံးစကားပြောခဲ့သည်မှာ နှစ်ပတ်ကျော်ရှိပြီဖြစ်သည်။ သူ့ကို တစ်ချက်လောက်မြင်ရဖို့နေနေသာသာ တစ်ချက်တောင် မတွေ့ခဲ့ပေ။
ဘက်ကာသည် သူ့ကို ဖုန်းထပ်ခေါ်ဖို့ ကြိုးစားပေမယ့် သူမရဲ့ ကြိုးစားမှုက အရင်တိုင်းလိုပဲ ဖြစ်သည်။ ဖုန်းခဏတာ မြည်ပြီးေနာက် အသံမေးလ်ဆီသို့ တိုက်ရိုက်ေရာက်သွားခဲ့သည်။ အခု သူမကလေးတစ်ယောက်လို မငိုတော့ပေမယ့် ဒဏ်ရာက အခုထိ ရှိနေတုန်းဖြစ်သည်။ သူမရဲ့ ကွက်လပ်သည် မိနစ်နှင့်အမျှ ပိုမိုကြီးလာခဲ့သည်။ လီယို၏အကြောင်း ကိုပဲအမြဲတွေးနေမိသည့်အတွက် ထိုထဲမှရုန်းထွက်နိုင်ရန် သူမကိုယ်သူမ အလုပ်ထဲ နှစ်မြှပ်လိုက်ပေမယ့် အလုပ်ဖြစ်ပေါ် မပေါ်ပေ။ လီယို က နေရာတိုင်းလိုလိုပါပဲ... သူမအတွေးတွေထဲမှာ....သူမရဲ့အိပ်မက်တွေထဲမှာ ရှိနေခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ သူအဲဒီမှာမရှိခဲ့ပါဘူး။ သူ သူမနှင့် အတူရှိမေနခဲ့ဘူး။ ဒါက သူမနှလုံးသားကို ရိုက်ချိုးပစ်လိုက်သလိုပါပဲ။
သူမ သူ့အကြောင်းတွေးနေတာ ရပ်ဖို့လိုအပ်သည်။ လီယိုက သူမနဲ့စကားမပြောချင်ဘူး။ သူမတည်ရှိနေမှုကိုတောင် မမှတ်မိချင်ေတာ့တာေလ....သူမ ဘာလို့ သူ့အကြောင်းကို စဉ်းစားနေရမှာလဲ? ။ သူ့ကို မောင်းထုတ်ခဲ့ပြီးမှ သူမဆီ ပြန်လာဖို့ ဘာကြောင့် စောင့်နေသေးတာလဲ? ။ သူမသာလျှင်သူတို့ကြားက အရာတွေကိုအဆုံးသတ်ဖို့ ရွေးချယ်ခဲ့တဲ့သူဖြစ်ပေမယ့် ဘာကြောင့်များ သူ့အကြောင်းတွေးနေရတာလဲ?