Chapter 74

880 31 2
                                    

ဘက်ကာ၏ခေါင်းပေါ်မှာ ရှုပ်ထွေးခြင်းတိမ်စိုင်လေးက ပေါ်ပေါက်လာခဲ့ပြီး လီယိုကို ကြည့်လိုက်ပေမယ့် သူမ မေးခွန်းတွေ ထပ်မမေးခင် သူမ နှုတ်ခမ်းကို ခိုးယူသွားခဲ့သည်။ သူမ၏နှုတ်ခမ်းများကို သူ့လျှာနှင့် ပိုင်းခြားလိုက်ပြီး သူမ၏အတွင်းနက်နက်ထဲသို့ တိုးဝင်နေခဲ့လေသည်။

အသက်ခဏရှုဖို့ရန် သူတို့နှုတ်ခမ်းများက ကွဲကွာသွားပြီးနောက် အဆုတ်ထဲသို့ လေများပြန်လည်ရောက်ရှိချိန်တွင် တစ်ခါပြန်လည် ဂဟေဆက်သွားခဲ့သည်။ လီယိုအား သူ့စိတ်ကြိုက် လုပ်ခွင့်ပြုထားခဲ့တာကြောင့် သူမမှာ ညည်းညူဖို့ အချိန်ပင် မရှိခဲ့ချေ။

လီယိုသည် အနမ်းကို ရပ်ကာ လော့ခ်ဖွင့်လိုက်ပြီး ရှက်သွေးဖြာနေသည့် သူမကိုကြည့်လိုက်သည်။ သူသည် ကားထဲမှ ထွက်လိုက်ပြီး သူမကို သူ့လက်မောင်းအတွင်းတွင် သယ်ဆောင်ကာ အိမ်ထဲသို့ လျှောက်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်‌နေရသည့် ဘော်ဒီဂတ်များကြောင့် ဘက်ကာသည် သူမမျက်နှာကို သူ့ရင်ဘတ်နှင့် ကွယ်ထားချိန်တွင် လီယိုက လုံးဝကို လျစ်လျူရှုခဲ့သည်။ လီယိုသည် ချစ်စရာကောင်းသည့် သူမကြောင့် ရယ်မောခဲ့သည်။

ချစ်စရာကောင်းတာထက် ပိုပါတယ်။ သူမသည်သာ သူ့ကလေးများ၏ အနာဂတ် အမေ ဖြစ်ရမည်။ သူသည် အရင်ကလည်း ဒီလို တွေးခဲ့ပြီး သူမနဲ့ ဘဝသစ်တစ်ခု စတင်ချင်သည်။ သို့သော် အဲ့လောက်ထိ မသန်မာဖို့ ဆန္ဒတစ်ခုက ပြင်းပြင်းထန်ထန် တိုက်တွန်းနေသည်။

သူ၏မကောင်းဆိုးဝါက တစ်ခုတည်းသော အတွေး‌‌ေတွကို ဖန်တီးနေခဲ့သည်။ ဟုတ်တယ်...လုပ်လိုက်တော့ ...သူမက မင်းအပိုင်ပဲ။ ဘာ်သူ့အပိုင်မှ မဟုတ်ဘူး။

မင်း ဘာတွေ စောင့်နေတာလည်း.....

သူမကို မင်းအပိုင်လုပ်လိုက်တော့....
လုပ်လိုက်တော့.....
လုပ်.....
Fuck!!!!

"ရှင် ကျွန်မကို အောက်ချပေးနိုင်မလား?ကျွန်မ လမ်းလျှောက်နိုင်ပါတယ်..." သူတို့နှစ်ယောက် အိမ်အဝရောက်ရှိသည့်အခါ၌ ဘက်ကာက ပြောခဲ့လေသည်။ ဒါပေမယ့် သူက ဆက်လျှောက်မြဲလျှောက်နေကာ လှေကားဆီသို့ ဦးတည်နေခဲ့သည်။

The Mafia's Queen (Mm Translation)Donde viven las historias. Descúbrelo ahora