ညနေ ၆ နာရီ.... ဘက်ကာသည် သူမ၏အလုပ်မှ ဆင်းရန် အချိန်အသစ်ဖြစ်သည်။ သူမသည် အံ့သြတကြီးဖြင့် နှုတ်ခမ်းများတွန့်ကာ သူမ၏ရုံးခန်းမှ အဝင်ဝဆီသို့ လျှောက်သွားခဲ့သည်။သူမ မြင်ဖူးသမျှထဲမှာ အတောက်ပဆုံးကား... အပြာရောင် Rolls Royce တစ်စီးသည် သူမ၏ အဆောက်အဦရှေ့တွင်ရပ်ပြီး တောက်ပနေသဖြင့် အသစ်စက်စက်ဖြစ်ကြောင်း အလွယ်တကူ ပြောနိုင်သည်။
ယာဉ်မောင်းထိုင်ခုံပေါ်မှ လီယိုသည် ပြုံးပြကာ ပြတင်းပေါက်အားချလိုက်သည်။ သူ၏ပုလဲဖြူဖြူသွားများသည် အလွန်တောက်ပစွာ ထွန်းလင်းနေပြီး ကား၏အလင်းရောင်နှင့် လိုက်ဖက်ညီေပသည်။
"ဒါက အသစ်ပဲလား?" သူမသည်အဖြေကို သိနေသော်လည်း အံ့သြစွာ မေးလိုက်သည်။ ကားက လွန်ခဲ့တဲ့ တစ်မိနစ်လောက်ကမှ ဝယ်ထားတာနဲ့တူတယ်။
လီယိုသည် ကားပေါ်မှ ဆင်းကာ သူမရပ်နေသည့်နေရာသို့လာခဲ့သည်။ "ဟုတ်တယ်၊ အဲဒါ မင်းအတွက်ပဲ။" လီယိုက သူမအား သော့ပေးရင်း ပြုံးကာ ပြောလိုက်သည်။
"ဘာလဲ? မယူဘူး၊ ဒါကို ကျွန်မလက်မခံနိုင်ဘူး။ ကျွန်မမှာ ကားတစ်စီးရှိနေပြီ...အဲ့တာက ပြီးပြည့်စုံနေသေးတယ်" သူမက အလျင်အမြန် ငြင်းဆိုခဲ့ပြီး လီယိုသည်သူမလက်ကို ဆွဲကိုင်လိုက်ကာ ကားနဲ့ နီးနီးကပ်ကပ် ဆွဲမချခင် ရယ်မောလိုက်သည်။
"အိမ်ပြန်ရအောင်။" လီယိုသည် ရယ်မောကာ ဘက်ကာဝင်လာရန် ခရီးသည်ထိုင်ခုံတံခါးကို ဖွင့်လိုက်သည်။
ထို့နောက်သူက ကားကိုပတ်ပြီး ဒရိုင်ဘာထိုင်ခုံတံခါးကို လျှောက်သွားခဲ့သည်။
ဘက်ကာသည် သူ့ကို စိုက်ကြည့်ရင်း ပြူးကျယ်စွာ ပြောလိုက်သည်။
"ကျွန်မပြောတာကို ရှင်မကြားဘူးလား၊ ဒါကို ကျွန်မလက်မခံနိုင်ဘူး။" လီယိုသည် စောစောက သူမစကားများကို အလွယ်တကူ ဖယ်ပစ်ခဲ့သည်ကို သိခြဲသောအခါ သူမကထပ်ခါတလဲလဲ ပြောခဲ့သည်။
"ကိုယ်ကြားပါတယ်.... မင်းက ကိုယ့်ကို ငြင်းဆန်တဲ့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမပေးခဲ့လို့ မင်းပြောတာကို လျစ်လျူရှုဖို့ပဲ ရွေးချယ်ခဲ့တာပါ အချစ်ရယ်" သူ့လက်ကို ဆန့်တန်းပြီး သူမပါးပြင်တွေကို ထိတွေ့လိုက်တယ်။ "ဘာလို့လဲ မကြိုက်ဘူးလား?"