လီယို ကားပေါ်က ဆင်းလာချိန်တွင် ပါတီစတင်နေတာ တစ်နာရီကျော်လောက် ရှိနေပြီဆိုတာ သူသိခဲ့ပေမယ့် လုံးဝကို ဂရုမစိုက်ပါဘူး။ သူ့အတွက်တော့ အခုအချိန်ကသာ ရောက်ရှိဖို့ ပြီးပြည့်စုံသည့် အချိန်သာ ဖြစ်သည်။သူက ပါတီမှာ ဧည့်သည်အဖြစ် လာရမှာလေ... အစီအစဉ်မှူးမှ မဟုတ်တာ။ ဒါကြောင့် သူဘာလို့ စောစော လာရမှာလဲ ?
ဒီညမှာ သူ အထူးတလှယ် လုပ်စရာ မရှိပေမယ့် ဘက်ကာကို တွေ့ဖို့ လာခဲ့ခြင်းဖြစ်ပြီး အဝေးကကြည့်နေရမယ်ဆိုရင်တောင်မှ သူအဆင်ပြေလိမ့်မည်။ လီယိုသည် အနက်ရောင် မျက်နှာဖုံးကို ကိုင်ကာ အဝင်ဝသို့ လျှောက်လာခဲ့သည်။
ရီဂျီနာသည် ပါတီ ဘယ်လိုပေးရမလဲဆိုတာ သိပြီး ယခု ပါတီပွဲကလည်း အရင်တစ်ခုလိုမျိုးပဲ အလျှံပယ် သုံးဖြုန်းထားသည်က သူ သိပ်မမျှော်လင့်ထားခဲ့ဘူး။ လီယိုသည် အခန်းထဲသို့ ဝင်လိုက်သည်နှင့် ပထမဆုံး သူတွေ့တာက ရီဂျီနာပင် ဖြစ်သည်။
ပြောရင်း ဆိုရင်းနဲ့ သူမကို တွေ့လိုက်ရသည်။ အသက်ရှည်ဦးမယ်....
"ကိန်း.... " သူမသည် ပရော်ဖက်ရှင်နယ် အသံကာလာဖြင့် ခေါ်လိုက်သည်။
"ရီဂျီနာ " သူသည် ရီဂျီနာ သူ့ဆီ လျှောက်လှမ်း လာသည်ကို မြင်ပြီး ထိုနေရာ၌တွင်ပဲ ရပ်လိုက်ကာ ပြုံးပြီး ပြန်ပြောခဲ့သည်။ ဒါပေမယ့် သူ ရီဂျီနာနဲ့ အရမ်း သိကျွမ်းနေတာတော့ မဟုတ်လေဘူး။
"မင်းက မင်းအဖေရဲ့ ကိုယ်ပွားတစ်ခုလုံးလို တကယ် ဖြစ်လာတာပဲ"
သူမပြောသောကြောင့် သူသည် အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ လီယိုသည် သူမျှော်လင့်ထားသည်ထက် ငယ်ရွယ် နုပျိုနေပုံပေါ်သော ရီဂျီနာအား နောက်တစ်ချက်ထပ်ကြည့်လိုက်ပြီး ပြုံးပြခဲ့လေသည်။
ထိုအပြုံးက မစစ်မှန်သော်လည်း သူ၏စံပြအရင်းအမြစ်ပုံစံက စင်းလုံးချောပြီး ပြဿနာ မရှိခဲ့ပေ။ ရီဂျီနာကို ကြည့်လိုက်ရုံနဲ့ ရီဂျီနာနဲ့ သူ၏ဘက်ကာလေးက အဆင်ပြေပုံပေါ်ကြောင်း သူသေချာပေါက် ပြောနိုင်လေသည်။ ဘက်ကာက နသန်နီရယ်နဲ့ နည်းနည်းတူသော်လည်း ရီဂျီနာနဲ့တော့ လုံးဝမတူပေ။ ပြီးတော့ ထိုအရာက သူ၏သီအိုရီ အသစ်ကို သက်သေပြကောင်း ပြနိုင်လိမ့်မည်ဖြစ်သည်။