သူတို့၏နှုတ်ခမ်းများက ကွဲကွာသွားပြီးနောက် အသက်ရှုမဝဖြစ်ခဲ့ကြပေမယ့် ဒီထက်ပို လိုချင်နေကြသေးသည်။ သူ၏ မျက်နှာသည် သူမမျက်နှာနှင့် အနည်းငယ်သာ ကွာဝေးနေပြီး သူမအားခေါင်းမှ ခြေအထိ စေ့စေ့စပ်စပ်ကြည့်နေခဲ့သည်။ သူ၏မျက်လုံးများက သူမအဝတ်အား ဆွဲချွတ်ချင်သလိုဖြစ်နေခဲ့ပြီး ထိုအကြည့်အောက်တွင် သူမခြေထောက်အား ညှစ်ထားခဲ့သည်။
လီယိုတွင် ကြမ်းတမ်းသောလက်များရှိရုံသာမက မသင့်လျော်သော လျှာများလည်း ရှိသေးသည်။ ထို့အပြင် သူ၏ အလုပ်ကောင်းကောင်းလုပ်သော မျက်လုံးများက ဘက်ကာ၏ခန္ဓာကိုယ်ပေါ်တွင် အမြဲရှိနေသည်။
သူမတို့ ရည်းစားမဖြစ်ခင်ကတည်းကတောင် လီယို၏အရှက်မရှိေသာအကြည့်များက သူမအပေါ်တွင် အမြဲတမ်းလှည့်ပတ်သွားလာနေခဲ့ကာ ပြောင်ပြောင်တင်းတင်းပင် ကြည့်ခဲ့လေသည်။
လီယိုသည် သူ၏အကြည့်အား ဘယ်တုန်းကမှ မဖုံးကွယ် ခဲ့သလို သူမသည်လည်း သူ့အကြည့်ကို ခံစားမိခဲ့သည်။ သူ့ဘေးမှာ လူတွေ ဘယ်လောက်ပင်များပစေ ဂရုမစိုက်ပဲ ဘက်ကာကိုသာ စိုက်ကြည့်နေခဲ့သည်။ သူမတစ်ယောက်တည်းကိုသာ....
တကယ့်ကို အရှက်မရှိတဲ့သူပဲ...
ဖိနပ်မပါဘဲ ရပ်နေသော ဘက်ကာ၏ခေါင်းသည် လီယို ရင်ဘတ်အလယ်အထက် သုံးလက်မနားတွင် ရောက်နေကာ သူမ၏လက်များက မာကြောနေသော ရင်အုံများကို ထိတွေ့ခဲ့သည်။ သူမထိုသို့ပြုမူနေစဉ်တွင် သူမနှုတ်ခမ်းအား ကိုက်ထားလျက်ရှိသည်။
"ကိုယ်တို့ ညစာစားဖို့ အောင်ဆင်းသင့်ပြီး" လီယိုသည် သူ၏ ငမ်းမှုကိစ္စအား အဆုံးသတ်ပြီး သူမကို အပြုံးတစ်ခုဖြင့်ကြည့်ကာ ပြောလိုက်သည်။
"ဟုတ်တယ်...ကျွန်မတို့ ဆင်းသင့်ပြီ...." ဘက်ကာသည် အသက်ပြင်းပြင်းရှုလိုက်ကာ ပြောခဲ့သည်။
ညစာစားပြီးနောက် သူတို့သည် အခန်းထဲသို့ပြန်သွားကာ ....စကားရပ်တစ်စုက သူမခေါင်းထဲတွင်မွှေနှောက်နေခဲ့သည်။ထို့အပြင် သူတို့၏လက်များက အခန်းထဲသို့ပြန်ရန် အပေါ်သို့ တက်လာနေတုန်းကလိုပင် ချိတ်ထားကြတုန်းဖြစ်သည်။