Chapter - 28

1K 69 1
                                    

လီယို ဒီလိုနေ့မျိုးတွေမှာ မခံမရပ်နိုင်အောင် အလွန်ဒေါသထွက်နေခဲ့သည်။ သူ့ရဲ့ ဘာမှမကောင်းတဲ့ဝမ်းကွဲ ဒန်မီယန် က လီယို နယူးယောက်ကို ထွက်ခွာမယ့်နေ့မှာပဲ သူ့ရဲ့ဂျက်လေယာဉ်ကို ငှားသွားခဲ့တာကြောင့် စီးပွားရေးလေကြောင်းလိုင်းကလွဲပြီး ကျန်တာရွေးချယ်စရာ မရှိတော့ပါဘူး။

သူ့ မိသားစုက သူစိတ်ပျက်အောင်လုပ်နိုင်တဲ့ အထူးစပါယ်ရှယ်နည်းတွေ ထုတ်သုံးနေကြတာမလား?

သူ စိတ်ဆိုးလွန်းလို့ သွေးတောင် ဆူပွက်လာတဲ့အထိပဲ။ လီယိုသည် သူ၏ခွင့်ပြုချက်မပါဘဲ သူပိုင်ဆိုင်သည့် အရာများအားထိတွေ့ခြင်းကို အလွန်မုန်းလေသည်။ ဒီရက်ပိုင်း သူ့ဝမ်းကွဲက လက်ရဲ ဇာက်ရဲဖြစ်နေပြီး သူ့အကျီကြယ်သီးကို ထိဖို့တောင် ကြိုးစားနေပြီပဲ။

ဒါကတော့ သူဘယ်လိုကြောင့် ဒီကြောက်မက်ဖွယ်ကောင်းတဲ့ လေယာဉ်ပေါ်မှာ ထိုင်နေတဲ့ အကြောင်းရင်းဖြစ်လေသည်။သူဒီေလယာာဥ်ကို ပြာကျအောင် မလုပ်မိခင် မျက်လုံးကိုမှိတ်ပြီး စိတ်တည်ငြိမ်အောင် လုပ်ခဲ့သည်။ လီယိုသည် သူ့ရှေ့တွင် တစ်စုံတစ်ယောက် ရပ်တန့်နေသည်ကို ခံစားလိုက်ရပေမယ့် ေလေယာဉ်မယ်လို့သာထင်လိုက်ပြီး အခြားဘယ်သူဖြစ်မလည်းဆိုတာကို စစ်ဆေးရုံနဲ့ သူ့စိတ်ကို အနှောင့်အယှက်မဖြစ်စေခဲ့ဘူး။ ငါးမိနစ်လောက်ကြာသည်အထိ ထိုခံစားချက်အတိုင်းဆက်လက်ခံစားလိုက်ရသောကြောင့် သူမျက်လုံးဖွင့်ခဲ့လိုက်သည်။

သူ့ ရှေ့မှ သူကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူ၏စိတ်ဆိုးမှုအားလုံးက ပြတင်းပေါက်မှ ခုန်ထွက်သွားကာ အလိုအလျောက် ပြုံးလာခဲ့သည်။ အားကစားဖိနပ်စီးထားသော သူ၏နတ်ဘုရားမဘေးက သူ့အရှေ့တွင် မတ်တပ်ရပ်နေကာ ဆိုးဆိုးဝါးဝါးအမူအရာနှင့် သူ၏ ဘေးခုံကို ကြည့်နေလေသည်။ လီယိုသည် အရူးမဟုတ်သောကြောင့် ပဟေဠိလိုဖြစ်နေသည့် အပိုင်းအစများကို ဆက်စပ်မိသွားလေသည်။ သူ့ဘေးမှခုံသည် သူမ၏ထိုင်ခုံဖြစ်ပြီး သူမသည်လည်း သူဘေးတွင် ထိုင်ချင်ပုံ မပေါ်ခဲ့ပေ။

သူချစ်ရတဲ့မိန်းကေလးက သူ့ဘေးမှာမထိုင်ချင်တာကြောင့် သူ အနည်းငယ် နာကျင်မိသွားသော်လည်း ဒီပြဿနာက မကြာခင် ပြေလည်သွားတော့မည် ဖြစ်လေသည်။  သူမပုံစံက လေယာဉ်ပေါ်မှ ထွက်ပြေးတော့မည့်ပုံပေါ်ပီး သူမကို လွှတ်ထားဖို့ ဒါမှမဟုတ် သူ့ထိုင်ခုံကို စွန့်လွှတ်ခဲ့ရင် သူမ ပိုသက်တောင့်သက်သာ ခံစားနိုင်ပေမယ့် သူအဲ့လို လုပ်ပေးဖို့ အစီအစဉ် မရှိခဲ့ဘူး။

The Mafia's Queen (Mm Translation)Where stories live. Discover now