ဘက်ကာသည် သူမရဲ့ရုံးခန်းထဲမှာ စာရွက်စာတန်းတွေ ကြည့်နေစဉ်မှာ တံခါးက ပွင့်သွားပြီး နာဗီယာ က ဝင်လာခဲ့ပါသည်။
နာဗီယာ သည် ကျယ်လောင်သော ခြေသံများဖြင့် ရည်ရွယ်ချက်ရှိရှိ လျှောက်လာခဲ့ကာ အလုပ်များသည်ဟု ထင်ရသော ဘက်ကာ၏ အာရုံစိုက်မှုကို ရရှိစေရန် ကြိုးစားခြင်းဖြစ်သည်။ ကျယ်လောင်သော ဒေါက်ဖိနပ်သံကိုကြားလိုက်သောအခါ ဘက်ကာ သည် မျှော်ကြည့်ကာ မျက်နှာပေါ်တွင် မှုန်ကုပ်ကုပ်ဖြစ်နေသည့် နာဗီယာ ကို တွေ့လိုက်ရသည်။ ဒါပေမယ့် ဘက်ကာ က ဘာမှားနေလဲလို့ မေးရမယ့်အစား သူမသူငယ်ချင်းရဲ့ ဝုန်းဒိုင်းကြဲမှုကို လျစ်လျူရှုဖို့ ရွေးချယ်ခဲ့ပြီး နာဗီယာ မနှောင့်ယှက်နိုင်ခင်မှာ သူမလုပ်နေတာတွေကို ဆက်လက်အာရုံစိုက်ခဲ့လေသည်။တမင်လျစ်လျူရှုခံရပြီးနောက် နာဗီယာ သည် ဘက်ကာ အား ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်ကာ ဘက်ကာက သူမအပေါ် ဤမျှရက်စက်စွာ ပြုမူနိုင်ပုံကို အံ့သြသွားခဲ့သည်။
သို့သော်လည်းသူမသည် ဘက်ကာ ၏အာရုံစိုက်မှုကိုရရှိရန် နာဗီယာ သည် သူမ၏ခန္ဓာကိုယ်ကို သားရေဆိုဖာပေါ်သို့ရွှေ့ကာ ထိုင်လိုက်သည်။
"ငါဗိုက်ဆာတယ်..." နာဗီယာ က သူမခန္ဓာကိုယ်ကို ဆိုဖာပေါ်တွင် သက်တောင့်သက်သာရှိသော နေရာသို့ ပြုပြင်လိုက်သည်။ သူမသည် ဗိုက်ပေါ်လက် တင်၍ သွယ်လျသော ခြေသလုံးများကို လေထဲတွင် မြှောက်ကာ မျက်နှာကိုလက်ဖြင့်ထောက်ထားသည်။ ဘက်ကာ သည် အပြစ်ကင်းစင်သော အပြုံးဖြင့် ဖျတ်ခနဲကြည့်ကာ နာဗီယာ၏ပုံစံသည် သူမအမေကို လက်ဆောင်များပေးရန် တောင်းဆိုသည့် ကလေးလေးနှင့်တူခဲ့သည်။
"နင်က အရွယ်ရောက်ပြီးသားပါ နာဗီယာ။ ဗိုက်ဆာရင် ကိုယ့်ဘာကိုယ်သွားစားပါ။" ဘက်ကာ က သူဖတ်နေတဲ့ စာရွက်စာတမ်းများမှ မျက်စိမေရွ့ခဲ့ချေ။ ထိုပုံစံက ကလေးဆန်တဲ့ သူငယ်ချင်းကို တစ်ချက်ကြည့်ဖို့တောင် စိတ်မ၀င်စားဘူးလို့ ဆိုလိုလေသည်။
"နေ့လည်စာစားဖို့ ငါ နင့်ကို ခေါ်သွားချင်တယ်" နာဗီယာ က ဆိုဖာ၏လက်မောင်းတွင် အနည်းငယ်လှုပ်ရမ်းကာ ပြောလိုက်သည်။