Chapter 21

1.3K 78 2
                                    

 

နေ့ရက်များက လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ဘက်ကာ မန်ဆာချူးဆက်သို့ သွားရောက်မည့် နေ့ရောက်ရှိလာခဲ့သည်။ ဘက်ကာ စိတ်လှုပ်ရှားနေခဲ့သည်။ ထိုစိတ်လှုပ်ရှားခြင်းက ကြောက်လန့်နေတာမျိုး ဖြစ်သည်။ မိသားစုကို တွေ့ရမှာကြောက်ပြီး ဂျော်နီကိုလည်း တွေ့ရမှာ ကြောက်သည်။ နောက်ဆုံးအကြိမ် သူ့ကို တွေ့တုန်းက သူက....... ထားလိုက်ပါတော့။ သူက သူမဟုတ်ဘူးလို့ပဲ ထားလိုက်တော့မယ်။ သူက အခွံပဲ ရှိတဲ့သူပဲ။ သူမ အခု တစ်ခုလေးတောင်မမေ့ပဲ ခရီးအတွက် အထုတ်ပြင်ပြီးသွားခဲ့ပြီ။ တစ်ခုလေးတောင် မမေ့ဘူးဆိုတာက သူမ အိတ်ကို သုံးခါ စစ်ပြီးသွားသော‌ေကြာင့်ဖြစ်သည်။

ဘက်ကာ သည် လေဆိပ်သို့ တက္ကစီတစ်စီးဖြင့် သွားခဲ့သော်လည်း အနည်းငယ်ရှုပ်ထွေးမှုများကြောင့် လေယာဉ်ခရီးစဉ် နှောင့်နှေးခဲ့ရပြီး လေယာဉ်မတက်မီ နာရီဝက်ခန့် စောင့်ခဲ့ရသည်။  သူမ၏ မိထွေးဖြစ်သူသည် သူမအတွက် ပထမတန်း လက်မှတ်ကို ပေးချေပြီး သူမပြန်လာဖို့ကို သေချာစေခဲ့သည်။

သူမတက်လာတဲ့ လေယာဉ်သည် မက်ဆာချူးဆက်ပြည်နယ်၊ လိုဂန် နိုင်ငံတကာလေဆိပ်မှာ မနက်ဆယ်နာရီကျော်လောက်က ဆင်းသက်ခဲ့သည်။  ဘက်ကာ သည် လေယာဉ်ပေါ်မှ ဆင်းကာ လက်တစ်ဖက်ဖြင့် သူမ၏ လွယ်အိတ်ကို ဆွဲယူပြီး အခြားတစ်ဖက်တွင် သူမ၏ ပိုက်ဆံအိတ်ကို ကိုင်ထားသည်။  သူမသည် အနက်ရောင် တီရှပ်အင်္ကျီ၊ အပြာရောင် ဂျင်းဘောင်းဘီ အပြဲနှင့် ဖက်ရှင်တစ်ခုလုံးကို ပြည့်စုံစေရန် အနက်ရောင်ဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။  သူမ၏ ရည်ရွယ်ချက်မှာ  ဆွဲဆောင်ရန် သို့မဟုတ် လူစုလူဝေးတွင် ထင်ရှားပေါ်လွင်စေရန် မဟုတ်သောကြောင့် သူမ၏ ဗီရိုတစ်ခုလုံးတွင် မျက်စိအတွေ့အနည်းဆုံးအရာကို ၀တ်ဆင်ရန် ရွေးချယ်ခဲ့သည်။ 

ဘက်ကာ သည် လေဆိပ်ထွက်ပေါက်အနီးသို့ ရောက်လာစဉ် ဖုန်းဆက်ရန်အတွက် ပိုက်ဆံအိတ်ထဲသို့ လက်ထည့်လိုက်သည်။  ထို့နောက် သူမသည် နာဗီယာ ၏နံပါတ်ကို ခေါ်ဆိုခဲ့သည်။  နာဗီယာ သည် သူမ၏ ချစ်သူလေး ပျောက်ဆုံးနေသကဲ့သို့ ဘက်ကာဖုန်းခေါ်ဆိုသောအခါ  သူမသည် ဖုန်းအား အမြန်ဖြေကြားခဲ့သည်။

The Mafia's Queen (Mm Translation)Where stories live. Discover now