လီယိုနဲ့ သူမထိုင်နေတဲ့ စားပွဲနားသို့ ချဉ်းကပ်လာသည့် သူမ၏ ကျောင်းတော်က ရန်စရှိသူ ဖြစ်သည်ကို မြင်လိုက်ရသောကြောင့် သူမ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမ အထက်တန်းကျောင်းနှစ်တွေကို ငရဲကျစေခဲ့တဲ့ မကောင်းတဲ့ မိန်းမ.... နာဗီယာ ကုလားထိုင်နဲ့ သတ်ခဲ့လုနီးပါးဖြစ်ခဲ့တဲ့ ရားကွယ်လ် ဂိုစလီ(နာမည်ရွှီးထားး မထွက်တက်တော့....)။ အထက်တန်းကျောင်းတုန်းက ဘက်ကာ၏ အတန်းထဲမှာ ဘုရင်မဖြစ်ခဲ့သည့် သူမက ဟိုတုန်းကလိုပဲ အခုလည်း အမိုက်စားကြီးဖြစ်နေတာ သိသာထင်ရှားလွန်းသည်။ ဘက်ကာနဲ့ ဒီခွေးမ အမ် ဆိုလိုတာက မိန်းကလေး ...သူမနဲ့ ဘာကိစ္စမှ မရှိပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်ကလိုပဲ သူမက ဘက်ကာကို အကြောင်းရင်း မရှိ မုန်းနေတုန်းပဲ။
"ဘက်ကာ တောက်ပြောင်လာတာကို မင်းမကြားဖူးဘူးလား? လူတွေက လုံးဝပြောင်းလဲသွားပုံမရဘူး။"
ရားကွယ်လ် သည် သူမတို့၏ စားပွဲသို့ ရောက်သောအခါ ဘက်ကာ ကို ပြုံးကာ ကဲ့ရဲ့ လှောင်ပြောင်ခဲ့သည်။ ရားကွယ်လ် ဂိုစလီဇ် သည် သူ၏ နောက်တွင်ရပ်နေသဖြင့် လီယို သည် စားပွဲအောက်မှ လက်သီးများကို ဆုပ်ကိုင်ကာ သူ့မိန်းမကို စော်ကားရဲသည့် သတ္တိရှိသော သတ္တဝါကို လှည့်ကြည့်ရန် ဆွဲဆောင်ခံရသည်။ သူက သူမ ဒီည ငရဲကို ခေါ်သွားမယ့်လူ.... သူ့မျက်လုံးများက စားပွဲပေါ်ရှိ ဓားကိုကြည့်ကာ အတွေးတစ်ခုဝင်လာခဲ့သည်။
'သူမရဲ့ သနားစရာကောင်းတဲ့ဘဝလေးကို အခုချက်ချင်းအဆုံးသတ်လိုက်ဖို့ ဘာကြောင့်မလုပ်ရမှာလဲ' သူသည် ဓားကိုဆွဲကာ လှည့်လိုက်ပြီး ရားကွယ်လ် ဂိုစလီဇ် ၏လည်ပင်းဆီသို့ ပို့တော့မည့်အချိန်တွင် ဘက်ကာ၏ အသံက သူ့ကို ရပ်တန့်သွားစေသည်။
"နင်လည်း အများကြီး မပြောင်းလဲခဲ့ဘူးပဲ။ တစ်ခုပဲေပြာင်းလဲသွားတာ။ အဲ့တာဘာလည်းဆိုတော့ ကတော့ နင်ရဲ့ ခွေးမတစ်ကောင်လိုအဆင့်အတန်းကို နှစ်ဆင့်မြှင့်လိုက်တာပဲ။နင့်အတွက် အရမ်းကောင်းပါတယ်။"
ဘက်ကာ ပြောလိုက်တာကြောင့် လီယို က သူ့ထိုင်ခုံပေါ် ပြန်ထိုင်ချလိုက်သည်။