လွန်ခဲ့သော ဆယ့်ငါးနှစ်....
"အုခ်ျ...!!!!" သူမသည် သစ်ပင်ပေါ်မှ ခုန်ချပြီးသောအခါ လီယိုက ဟန်ချက်မထိန်းနိုင်သောကြောင့် သူ့အပေါ်သို့ ပြုတ်ကျသွားကာ နာကျင်မှုဖြင့် အော်ခဲ့လေသည်။ လီယို၏ခေါင်းစည်လည်း မြေကြီးနှင့် ပြင်းထန်စွာရိုက်ခတ်မိကာ မူးဝေသွားသလို ခံစားလိုက်ရသည်။ သူ့အပေါ်သို့ ဒူးထောက်လျက်သား ကျလာသည့် သူမအား အဆင်ပြေ မပြေ ခေါင်းထောင်ကြည့်ခဲ့လေသည်။ သူမသည် သူ့အပေါ်၌တွင် ရှိသေးကာ သူမ၏ ဆံပင်ရှည်က သူမမျက်နှာ တစ်ခုလုံးအား ဖုံးကွယ်လေသည်။ သူမအရမ်းကြောက်ရွံ့နေသည်ကို မြင်သောကြောင့် သူသည် သူမခေါင်းပေါ်သို့ ညင်သယစွာ ပုတ်ပေးခဲ့လေသည်။
"အဆင်ပြေပါတယ်....နင်မသေသေးပါဘူး"ထိုစကားလုံးများက သူမစိတ်အေးစေရန် ပြောလိုက်ခြင်းဖြစ်သည်။ စကားလုံးများက အနည်းငယ် ကိုးရိုးကားယား နိုင်သော်လည်း အရင်က အခြားသူများကိုမနှိမ့်သိမ့်ပေးဖူးသောကြောင့် ဖြစ်လေသည်။ သူမ အရမ်းကြောက်နေရင် ဘာလို့ သစ်ပင်ပေါ် တက်နေရတာလဲ ?
သူမ၏ လက်သေးသေးလေးများက သူ့အင်္ကျီကို ဆုပ်ကိုင်ထားရင်း သူမ၏ နှလုံးခုန်နှုန်း မြန်လာသည်ကို သူ ခံစားလိုက်ရသည်။ လီယိုက ထိတ်လန့်သွားပြီး နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားတဲ့အထိ သူ့ကိုယ် အပေါ်မှာပဲ ဆက်နေခိုင်းဖို့ ဆုံးဖြတ်လိုက်ေလသည်။ သူမကို တစ်ချက်ကြည့်လိုက်တော့ မျက်နှာတစ်ပြင်လုံးအားကွယ်ဖုံးနေသည့် ဆံပင်လေးတွေက ဘယ်လောက် ချစ်ဖို့ကောင်းနေလဲဆိုတာ သူတွေ့လိုက်ရတော့သည်။
သူမကိုကြည့်နေရင်း သူမ မျက်နှာပေါ်ကျနေသည့် ဆံပင်များကို အပေါ်သပ်တင်လိုက်သောအခါ သူထိန်းမရနိုင်အောင် နုလုံးခုန်သွားခဲ့သည်။ သူမသည် ထိတ်လန့်နေသော ကြောင်လေးတစ်ကောင်လို သူ့အား ကြည့်နေလေသည်။ သူမ၏ မြစိမ်းရောင် မျက်လုံးများက အကြည့်မလွဲနိုင်လောက်အောင် လှပလွန်းသဖြင့် ၎င်းတို့ကို ထာဝရ စိုက်ကြည့်ချင်နေမိသည်။ သူ့မျက်လုံးများက ညှို့ယူခံနေရသလို ခံစားနေပြီး ချောက်နက်ထဲသို့ ကျနေသလို ခံစားနေရကာ သူ ဘယ်တော့မှ ပြန်မလွတ်နိုင်တော့သကဲ့သို့ ဖြစ်နေခဲ့သည်။