"အရင်ကိစ္စဟောင်းတွေအတွက် ရည်ရွယ်ချက်ရှိရှိ စစ်ပွဲတစ်ခု စတင်ခဲ့တာလား... " ဒန်မနစ်သည် စိတ်ပျက်လက်ပျက်ဖြင့် နဖူးကို ပွတ်ကာ မေးလိုက်သည်။ လီယိုက ဒန်မနစ်အား မျက်ခုံးပင့်ကာ မေးလိုက်သည်။ "ကိန်းတွေက အဲ့လို ရူးကြောင်ကြောင်တွေချည်းပဲလေ"
"မင်းရဲ့ အားထုတ်မှု အသေးလေးတွေက မင်းကျေနပ်ဖို့ ငါ့ကိုေပြာရာမှာသတ္တိတွေပေးထားတာ ငါသိပါတယ်" လီယိုသည် ထိုအခြေအနေကို အေးစက်စွာ ရယ်မောလိုက်သည်။ လိပ်ပြာတစ်ေကာင်က သူ့ကိုယ်သူ ငှက်တစ်ကောင်လို့ ထင်နေတယ်။
လီယိုသည် လာဇာရိုအား နောက်ဆုံးတစ်ချက်ကြည့်လိုက်ကာ "တစ်ယောက်ယောက်ကိုတော့ ငါ အဆုံးသတ်ေပးပြီးသွားပြီ။ငါ မလုပ်ခဲ့ရင်လည်း သူစော်ကားခဲ့တဲ့ တခြားလူ ဒါမှမဟုတ် သူ့အာဏာကိုဆာလောင်နေတဲ့ သားတွေထဲက တစ်ယောက်က သူ့ကို သတ်ပစ်လိမ့်မယ်။"
ကိန်းတွေက မြွေတွေဆိုရင် ဒန်တဲ (လာဇာရို ဒန်တဲ.... ဒန်တဲက မျိုးရိုးနာမည် )တွေက သူတို့ ရဲ့ ထိပ်ဆံုးမှာရှိနေတဲ့ ကိုယ့်အမျိုးကို မျိုချနိုင်တဲ့ စွမ်းအား ရှိတဲ့ နတ်ဆိုးတွေပဲဖြစ်တယ်။
လာဇာရိုက သူတော်စင်မဟုတ်ပေမယ့် သူရထားတဲ့အရာနှင့် ထိုက်တန်လေသည်။ ဒါပေမယ့်သူ့သားများက သူ့ထက်တောင် ပိုဆိုးလေသည်။
သားအဖကြားက မုန်းတီးမှုနှင့် မနာလိုမှုတို့သည် သူတို့အချစ်ဆုံးဖခင်က အချိန်ကျေနေသာ်လည်းရာထူးမှ နုတ်ထွက်ရန် ငြင်းဆိုခဲ့ရာမှ အစပြုသည်။
သူတို့၏ချစ်လှစွာသော ဖခင်ကြီးကို နောက်ဘဝပို့ပေးဖို့ စီစဉ်နေသည်မှာ သေချာပါတယ်။ အံ့ဩစရာတော့ မဟုတ်ပါဘူး... .ဒီလို ယှဉ်ပြိုင်မှုတွေက ပိုက်ဆံနဲ့ အာဏာပါဝင်လာတဲ့အချိန်မှာ ပုံမှန်ပဲဖြစ်လေသည်။
ဒန်မနစ်သည်လီယို၏အေးစက်စက်အမူအရာကြောင့် အံ့သြနေမိသည်။ လီယိုက သူ့လုပ်ရပ်တွေရဲ့အကျိုးဆက်တွေကို စိတ်မပူသလို ဂရုမစိုက်တာမျိုးလည်း ဖြစ်နိုင်ပါသည်။
"အရာအားလံုးဆုံးရှုံးနေတဲ့သူအတွက် မင်းစိတ်မပူနဲ့။" ဒန်မနစ်သည် လီယို၏ အကြည့်အတိုင်း လာဇာရို၏ အလောင်းကို စိုက်ကြည့်ကာ ပြောခဲ့သည်။