သူ့ကိုရန်စဖို့ ဘယ်သူမှ သတ္တိမရှိပေမယ့် သူတို့အရင်တုန်းကလုပ်သလို ဘက်ကာကိုတစ်ခုခုလုပ်ဖို့ မကြိုးစားနိုင်ဘူးလို့ မဆိုလိုဘူး။ ရန်သူက အရိပ်ထဲမှာပဲ တိုက်ခိုက်ဖို့ ပုန်းအောင်းမနေဘူးဟု ဆိုလိုခြင်းဖြစ်သည်။လီယိုသည် စိတ်မရှည်သဖြင့် ကုလားထိုင်မှ ထွက်လာခဲ့သည်။ သန့်စင်ခန်းဆီသို့ လျှောက်လာရာလမ်းတွင် သူ့မျက်လုံးထဲ၌ စိုးရိမ်ပူပန်မှုနှင့် ဒေါသတို့ ရောယှက်နေခဲ့သည်။
အမျိုးသမီးသန့်စင်ခန်းနားသို့ ရောက်သောအခါ တံခါးပွင့်လာပြီး သူမ ဘေးကင်းစွာ ထွက်လာတာကို မြင်လိုက်ရသည့်အခါ သူ့စိတ်များ ငြိမ်သက်သွားခဲ့သည်။
ဘက်ကာ ထွက်သွားတာကိုမြင်လိုက်သည့်အခါ လီယို သူမဆီေရာက်ရှိဖို့ အရှိန်မြှင့်လိုက်ပေမယ့် ဘက်ကာ၏နောက်မှ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်သည့်အခါ ရပ်တန့်သွားခဲ့သည်။ ထူးထူးခြားခြား ရင်းနှီးပုံပေါ်နေသော်လည်း ဘယ်သူမှန်းဆိုတာကိုလည်း သေချာ သတိမရပေ။
သူ့မျက်လုံးတွေကို မှိတ်လိုက်ရင်း နောက်ဆုံးတော့ အဖြစ်အပျက်ဟောင်းက ပေါ်လာခဲ့သည်။
သူမသည် သူ့အနားသြို လက်တစ်ကမ်းအကွာတွင် ရပ်သွားသည်အထိ စောင့်ပြီး အနားရောက်လာသည့်အခါ ရားကွယ်လ်ရန်မှ ကာကွယ်သလို သူမ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ သူ့နောက်သို့ ထည့်လိုက်သည်။
သူမ ဘက်ကာ့ကို နာကျင်စေခဲ့တာလား? ဘက်ကာ့ကို စော်ကားလိုက်ေသးလား? အထဲမှာ ဘာဖြစ်ခဲ့လဲ?
လီယို၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်ကြောင့် ရားကွယ်သည် တုန်လှုပ်သွားခဲ့လေသည်။
သူမ သူ့ကို မှတ်မိသည်။ သူမ လုယူဖို့ ကြိုးစားခဲ့တဲ့သူပဲ။ အဲ့သူက သူမကိုတောင် ငြင်းပယ်ခဲ့သည်။ ဟို ဒစ်ကောင်တောင် သူမကို မငြင်းဆန်ခဲ့ပေမယ့် သူတစ်ဦးတည်းကသာ သူမကို ငြင်းဆိုတဲ့သူ ဖြစ်နေလေရဲ့။"ငါ့ မိန်းကလေးနဲ့ ဘာလုပ်နေတာလဲ?"
လီယိုကို ပြန်မပြောနိုင်ပဲ သူ့အကြည့်ကြောင့် လျှံထွက်လာသည့် မျက်ရည်များနဲ့ တိုက်ခိုက်နေရလေသည်။ ရားကွယ်လ်၏ခေါင်းသည် တစ်ဖက်သို့ အနည်းငယ် စောင်းသွားခဲ့ပြီး သူမမျက်လုံးများက လီယိုကို ရပ်တန့်ပေးရန် ဘက်ကာအား တောင်းဆိုနေခဲ့သည်။