သူမကို မတွေ့တာကြာပြီးဆိုတော့ သူ မှားနေတာဖြစ်လိမ့်မယ်။ ဒါပေမယ့် သူမရဲ့ မြစိမ်းရောင် မျက်လုံးနဲ့ မျက်နှာက မေ့ဖို့ မလွယ်ကူခဲ့ချေ။ သူရဲ့ စိတ်နဲ့ အတွေးတွေကို ပျောက်ဆုံးသွားအောင် လုပ်နိုင်ပြီး သူ့ စိတ်ထဲမှာ အမြဲစွဲကပ်နေတဲ့ သူမမျက်မှာကို လွယ်လွယ်မေ့ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ဟိုညတုန်းက ဘားမှ မိန်းကလေးက ဘက်ကာဖြစ်နေခဲ့ပြီး အခုတော့ သူမ သူ့ရှေ့ ရောက်လာခဲ့ပြီ။
ဘုရားရေ... သူ မှန်တဲ့ အရာတွေ လုပ်ခဲ့တာပဲ ....
စိန်လင်ပန်းနဲ့ ရွှေရောင် အခွင့်အရေးက သူ့ရှေ့ရောက်လာတာကို မမြင်ရင်တော့ အရူးပဲ... သူက အရူးမဟုတ်ဘူး၊ အခွင့်အရေးယူတက်တဲ့သူပဲ....
သူရဲ့လမ်းမှာ သေးငယ်တဲ့ အခွင့်အရေးလေး ရောက်လာကတည်းက သူဖမ်းဆုပ်ဖို့ တက်နိုင်သမျှ အားကုန်သုံးတော့မှာ။ သူမ က သူ့ကို ရင်ခုန်အောင် လုပ်နိုင်တဲ့ ပထမဆုံး မိန်းကလေး... နောက်ပြီး goodbye ဆိုတဲ့စကားတစ်လုံးတောင် မချန်ခဲ့ပဲ ထွက်သွားခဲ့တယ်။ သူမက အမြီးလေးတောင် ဖမ်းလို့မမိအောင် ကွယ်ပျောက်သွားခဲ့ပြီး သူ့ကို ဝေဒနာ ခံစားရအောင် လုပ်ခဲ့လေသည်။
သူမ ဘယ်လိုတောင် ရက်စက်နိုင်ရတာလဲ ?
သူမလုပ်ခဲ့တဲ့အရာေတွကို သူမသိနေခဲ့တာလား ? ဒါမှမဟုတ် ဟိုးအရင်တည်းက သူ့ကို မှတ်မိနေတဲ့အပြင် သူမအတွက် သူက အရေးမကြီးတာလား ဟုပင် သူသံသယဖြစ်မိတယ်။ ရုပ်ရည်ချောမောမှုက သူ့ကို ဖမ်းစားနိုင်တယ်လို့တောင် သူထင်မိတယ်။ ဘာလို့လဲ ဆိုတော့ သူမကို ကြည့်မိတိုင်း သူ့နှလုံးသားလေးက ခုန်နေတယ်လို့ သူခံစားရလို့ဖြစ်သည်။
"ငါတို့ အစက ပြန်စသင့်လား ?"
လီယိုသည် သူ့ထိုင်ခုံပေါ်တွင် ပြန်မှီလိုက်ပြီး ပြုံးဖြဲဖြဲမဖြစ်အောင် ထိန်းသိမ်းနေရလေသည်။ သူမ ထိုင်ခုံမှ ထပြီး ပရောဂျက်အကြောင်း ရှင်းပြနေခြင်းကို သူ ကြည့်နေခဲ့ပေမယ့် သူမ ပြောသမျှကိုတော့ သူ မကြားခဲ့ပေ။ တစ်ကမ္ဘာလုံးမှာ သူမ တစ်ယောက်တည်း ရှိနေသလိုမျိုး စိုက်ကြည့်နေတုန်းပင်။