Chapter 65

765 48 2
                                    


နောက်တစ်နေ့ရောက်လာပြီးနောက် လီယိုပြောခဲ့သလိုပဲ၊ သူ့လူတွေရောက်လာခဲ့ပြီး သူမ၏ပစ္စည်းများကို သူ့အိမ်ကြီးဆီ ရွှေ့တဲ့ လုပ်ငန်းစဉ်ကို သူကိုယ်တိုင်ကြီးကြပ်ခဲ့သည်။

လီယိုသည် နေရာအနှံ့တွင်ရှိနေပြီး ဘက်ကာက  လက်ညိုးတစ်ချောင်းပင် မ,ရန်မလိုတော့ပေ။သူမက ကူညီချင်သော်လည်း အကာအကွယ်ပေးတက်ပြီး သည်းမခံနိုင်သော ချစ်သူက သူမကို ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း သူမသိေလသည်။

ဘက်ကာအားခွင့်မပြုရခြင်း အကြောင်းပြချက်မှာ သူမသည် အလွန်နုနယ်လွန်းပြီး သေတ္တာများက သူမကို ထိခိုက်စေလိမ့်မည် ဆိုးသောကြောင့် ဖြစ်သည်။

ထိုပေါက်တက်ကရတွေနဲ့ ပတ်သက်၍ သူမ တွေးခဲ့မိသည် ။

ဘက်ကာသည် သူနှင့်သဘောထားမတူဘဲ သူမ၏ ယုတ္တိကျိုးကြောင်းဆင်ခြင်မှုကို ဖီဆန်သွားကာ သေတ္တာများထဲမှ တစ်ခုကို မ,ဖို့ရန် ကြိုးစားခဲ့သည်။

"Fuck! ဒီအထဲမှာ အလောင်းတွေရှိေနတာလား ဒါမှမဟုတ် ဘာေတွလဲ?" သူမသည် ကြီးမားသောသေတ္တာကြီးတစ်ခုကို မ,ရန်ကြိုးစားသော်လည်း ၎င်းသည် ကြမ်းပြင်ပေါ်မှပင် မကြွခဲ့ပေ။

လီယိုသည် သူမက ပုံးများစွာထဲမှ အပေါ့ပါးဆုံးသေတ္တာကို မ,ရန် ကြိုးပမ်းမှုကို လက်နှစ်ဖက် သိုင်းဖက်၍ ရယ်ချင်စိတ်ကို ထိန်းကာကြည့်ရှုနေခဲ့သည်။

သူ့လူတွေက သူမပစ္စည်းတွေကို ထုပ်ပိုးပြီး သယ်ထုတ်ပေးမယ်လို့ပြောထားပေမယ့် သူမက ခေါင်းမာပြီး မာနကြီးလွန်းတယ်။

သူမသည် ရှုံးနိမ့်ခြင်းကို လွယ်လွယ်ကူကူ လက်မခံနိုင်ဘဲ လီယို၏အမြဲတမ်းမှန်ကန်နေမှုကို ကျေနပ်မှု မပေးချင်ခဲ့ပေ။

သူမသည် ဤသေတ္တာက လေးလံသည်ဖြစ်စေ ပေါ့ပါးသည်ဖြစ်စေ သူမသည် ၎င်းကို ရွှေ့အောင်လုပ်ရမည့်သူဖြစ်လိမ့်မည်။

သူမ၏ကြိုးစားအားထုတ်မှုက မည်မျှအချည်းအနှီးဖြစ်သည်ကိုမြင်ရသည်မှာ လီယိုအတွက် ဝမ်းနည်းပူဆွေးလာသဖြင့် ကုလားထိုင်ကိုဆွဲကိုင်ကာ သူ့လူအားလုံးကို အချက်ပြလိုက်သည်။ ထိုသူအားလုံးသည် သူနှင့် ဘက်ကာ ကိုသာ တိုက်ခန်းထဲတွင်ထားခဲ့ပြီး ဘက်ကာ၏ရှိုးပွဲကို ဪှေ့ဆုံးမှ ကြည့်နေသလို နေရာယူခဲ့သည်။

The Mafia's Queen (Mm Translation)Hikayelerin yaşadığı yer. Şimdi keşfedin