ဘက်ကာ၏ မျက်ခုံးများက တွန့်ရှုံ့ထားသောကြောင့် သူမရှုပ်ေထွးနေသည်ဆိုတာ နာဗီယာ သိခဲ့သည်။ ထို့ကြောင့် သူမက လျှင်မြန်စွာ ပြောလိုက်သည်။"ဟေး အရမ်းကြီး မတွေးပါနဲ့ကွာ... ဂျော်နီ ဖုန်းမခေါ်လာခင်အထိတောင် ငါသိတာမဟုတ်ဘူး။ နောက်ပြီးငါတို့ရဲ့ ပါတနာ အသစ်အတွက် ဂုဏ်ပြုပွဲ လုပ်သင့်တယ်။ ငါတို့ရဲ့ ဦးနှောက်ကို အလုပ်နဲ့ မသက်ဆိုင်တဲ့ အရာတွေကို မတွေးခိုင်းရအောင်နော်!!!"
နာဗီယာ ပြောလိုက်ပြီးတာတောင်မှ ဘက်ကာသည် ဂျော်နီက လီယိုနာဒို ကိန်းကို သိကြောင်း ဘာကြောင့် ငါ့ကို တစ်ခါမှ မပြောဖူးတာလဲဟု တွေးနေလေသည်။ တိုင်းပြည်ရဲ့ အချမ်းသာဆုံး ယောက်ျားတစ်ယောက်ကို ဘယ်သူက မတွေ့ချင်မှာလဲ။ ဒါေပမယ့် တွေ့ချင်တဲ့အထဲမှာ သူမ မပါခဲ့တာ လုံးဝသေချာတယ်။
'ေစာင့်ကြည့်လိုက်စမ်းပါ ဂျော်နီ!!! ငါနင့်ကို ပဲစေ့တွေ ဖိတ်ကျသလို ဖြစ်အောင် လုပ်ပြမယ် !! '
ဟု ဘက်ကာ သူမစိတ်ထဲတွင် တွေးနေခဲ့လေသည်။
"နင်သိလား ? တကယ်တော့ နင်မှန်တယ်.. ဒါ ငါတို့ အလုပ်မဟုတ်ဘူး! "
ဘက်ကာသည် အဝေးသို့ လှမ်းကြည့်ရင် ဝီစကီ တစ်ငုံသောက်ကာ ပြောလိုက်သည်။
ဟမ်း သူမ အလုပ်မဟုတ်ဘူးလား ? ဟုတ်ပါတယ်.... သူမ စိတ်ထဲမှာ အရမ်း အရမ်းကိုမှ သိချင်နေရင်တောင် ဒါက သူမအလုပ်မဟုတ်ဘူးဆိုတာ ဘယ်လိုပြောလို့ရနိုင်မှာလဲ ???"ကဲ...ဒါဆို ငါတို့ ပွဲလေးကျင်းပရအောင်။ ဈေးအကြီးဆုံးကလပ်ကို ငါသိတယ်။ ဒီည မိုက်မယ်လို့လည်း ငါကြားတယ်။ အဲ့ ကလပ်ကချမ်းသာတဲ့သူတွေကိုသာ လက်ခံထားတာမို့ အဲဒီကိုသွားတဲ့သူတိုင်း ပိုက်ဆံများများ ပြည့်နေတဲ့ ဘဏ်အကောင့်တစ်ခုရှိလိမ့်မယ်.... "
ဟု နာဗီယာက ညစ်ပတ်သည့်အပြုံးလေးဖြင့်ပြောလိုက်သည်။ သူမ ထိုသို့ပြုံးတာကို ဘက်ကာ မနှစ်သက်ပေ။ သူမ ဒီလိုပြုံးလိုက်တာကို ဘက်ကာ မယုံကြည်နိုင်ဘူးလို့ ဆိုလိုခြင်းဖြစ်သည်။
"ကလပ်လား?? ငါ ကလပ်တွေ မကြိုက်ဘူးဆိုတာ နင်သိပါတယ်... " ဘက်ကာ ပြောလိုက်သည်။