Atlasနာဗီယာ、ဘက်ကာ ဆီက ဖုန်းရခဲ့သည်။ သူမ ဒီနေ့ မလာနိုင်ပါတဲ့... ရိုးရိုးသားသား ပြောရရင် သူမ မသိတာတစ်ခုရှိတယ်။ အဲ့တာက နောက်ဆုံးတော့ ဘက်ကာ သူမ၏အလုပ်ဖိစီးမှုကနေ လွှတ်ထွက်သွားနိုင်လို့ ပျော်ရမှာလား... ဒါမှမဟုတ် လီယို ဘက်ကာကို ဆွဲဆောင်နေလို့ သူမ စိုးရိမ်ရမှာလား...
ဘာဘဲဖြစ်ဖြစ် နာဗီယာကတော့ ဒီမနက်နှင့် နေ့လည် စာ ကုန်းဆင်းလို့ မရဝောာ့သည်အတွက် သူမကို လွမ်းနေရတော့မည်။
"အခု နင့်မှာ လီယိုနာဒိုရှိတာနဲ့ပဲ ဒီက နာဗီယာလေးကို အစာကျွေးဖို့တောင် မေ့နေပြီပေါ့...." နာဗီယာသည် သူမစားပွဲပေါ်ရှိ ဖိုင်များအား နေရာချရင်း ရေရွတ်နေခဲ့သည်။
"ကိုယ် မင်းကို ပြောစရာရှိတယ်။" နက်ရှိုင်းသော အသံတစ်ခုက သူမနောက်မှ ပေါ်ထွက်လာခဲ့ကာ ထခုန်မိမတက်ဖြစ်သွားသည်။ သူမနှလုံးကလည်း ရင်ဘတ်မှ ခုန်ထွက်လုနီးပါးဖြစ်သွားကာ လှည့်ကြည့်လိုက်သည်။ ဂျော်နီသည် အခန်းဝတွင် ဆွဲဆောင်မှုရှိသော မျက်နှာပေးဖြင့် ရပ်နေကြောင်း တွေ့ရလေသည်။
"မင်း စားရတာကြိုက်တယ်ဆိုရင် ကိုယ် မင်းစားချင်တာကို ကျွေးနိုင်ပါတယ်...."
သူ၏ လှောင်ပြုံးက ကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ခုသို့ ပြောင်းလဲသွားခဲ့သည်။ ထိုအပြုံးကပဲ သူပြောချင်သည့်အဓိပ္ပာယ်အမှန်ကို ပုံဖော်ပေးခဲ့ေလသည်။
နာဗီယာသည် ဟစ်အော်ကာ "ရှင် ဒီကိုဘယ်လိုရောက်လာတာလဲ? ရှင် ဒီမှာဘာလာလုပ်တာလဲ? " သူမသည် ခေါင်းအစ ခြေအဆံုး ကြည့်ကာ သူဝတ်ထားသည့် အနက်ရောင်ဝတ်စုံအား စူးစိုက်ကြည့်လိုက်သည်။ " အခု...."
ဂျော်နီသည် သူမ၏ ဆိုဖာဆီသို့ လျှောက်သွားကာ ထိုင်လိုက်သည်။ သူ၏ဒူးတစ်ဖက်ကို အခြားခြေထောက်တစ်ဖက်ပေါ်သို့တင်လိုက်ကာ နှုတ်ခမ်းပေါ်မှ အပြုံးက တုံ့ဆိုင်းနေခဲ့သည်။
"ကိုယ့် ညီမက ဒီကုမ္ပဏီကို ပိုင်တာမဟုတ်လား? ဆိုလိုတာက ကိုယ် အဆောက်အဦးရဲ့ နေရာတိုင်းကို ကြိုက်သလိုသွားလာခွင့်ရှိတယ်။ မင်းဗျစ်တောက် ဗျစ်တောပ်ပြောနေပြီး အလုပ်ရှုပ်နေလို့ ကိုယ် ဝင်လာတာကို မင်းမကြားတာ..." ဟု ဖြေခဲ့သည်။ ထို့နောက် သူမ၏ ပုံရိပ်ကို စိုက်ကြည့်ကာ သူ၏နီုတ်ခမ်းကို သပ်လိုက်သည်။