နောက်တစ်နေ့ မနက်ခင်း....ဘက်ကာသည် သူမ၏ ဧည့်ခန်းတွင် လဲလျောင်းရင်း နိုးလာခဲ့သည်။ သူမ၏ မျက်လုံးများသည် ငိုထားတာကြောင့် ကျိန်းစပ်နေကာ လည်ချောင်းကလည်း ခြောက်ကပ်နေခဲ့သည်။ သူမ၏လက်မောင်းနှင့် လည်ပင်းသည်လည်း အိပ်နေသည့် အနေအထားကြောင်ြ နာကျင်ခဲ့သည်။ ဘက်ကာသည် မတ်မတ်ထိုင်ကာ မျက်လုံးကို လက်ခုံ ဖြင့်ပွတ်နေရင်း ပန်းစည်းက သူမမြင်ကွင်းထဲသို့ ဝင်လာပြီးနောက် မနေ့ညက ဖြစ်ခဲ့သည့် အဖြစ်အပျက်များပါ ပလုံစီ သတိရလာခဲ့သည်။ဘက်ကာသည် ဘေးနားရှိ ပန်းစည်းကို တွေဝေငေးကြည့်ပြီးနောက် သူမမျက်စိရှေ့မှဖယ်လိုက်တော့သ ည်။ သူမနောက်ထပ်မငိုချင်တော့သော်လည်း နောက်ကျသွားခဲ့လေပြီ။ သူမ မျက်ရည်များက မျက်လူံမှ အတားအဆီးမရှိ ကျလာခဲ့လေသည်။
'ေသစမ်း... ဘာလို့ဒီေလာက် နာကျင်နေရတာလဲ ? ' ဘက်ကာသည် သူမကိုယ်သူမ မေးလိုက်ကာ မျက်လုံးမှ မျက်ရည်ပူများကို သုတ်ပစ်ရန် ကြိုးစားနေခဲ့သည်။
သူမအလုပ်သို့ သွားရာလမ်းက မိုင်ငါးဆယ်လောက်ဝေးပုံပေါ်သလို ခံစားရတာကြောင့် သူမ အလုပ်မသွားပဲ တနေကုန်ငိုနေခဲ့သည်။ဘက်ကာသည် နာဗီယာကို ဖုန်းဆက်လိုက်ပြီး သူမ ဒီနေ့ အလုပ်မလာတော့ဘူးလို့ ပြောခဲ့သည်။ ဒါပေမယ့် စိုးရိမ်ေနတဲ့ နာဗီယာသည် ဘက်ကာတစ်ခုခုဖြစ်နေလားဟုမေးခဲ့သည်။
နာဗီယာသည် သူမသူငယ်ချင်းအကြောင်းကိုကောင်းကောင်း သိလေသည်။ သူမသည် ဘက်ကာ အလုပ်ကြမ်းပိုးဖြစ်မှန်းကိုသိတာကြောင့် မနက်စောစော သူမ အလုပ်မလာတော့ဟုဖုန်းဆက်ခဲ့သည့်အခါ ဘက်ကာ တစ်ခုခုမှားယွင်းနေမှန်း သူမ သေချာသိခဲ့သည်။ ဒါပေမယ့် ဘက်ကာသည် နာဗီယာကို အဖြစ်အပျက်အား ပြောပြရမည့်အစား သူမအနေနဲ့ လျှို့ဝှက်ထားဖို့ ရွေးချယ်ခဲ့သည်။ သူမသည် နာဗီယာကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တာကြောင့်အအေးမိသည်ဟုသာ သူမကိုပြောခဲ့သည်။
ဘက်ကာသည် သူမ၏ ရေချိုးခန်းသို့ သွားကာ မှန်ထဲတွင် သူမ၏ ပုံရိပ်ကို စိုက်ကြည့်နေသည်။ သူမ၏မျက်နှာသည် ပင်ပန်းနွမ်းနယ်နေပုံရပြီး မျက်လုံးများက နီရဲနေသည်ကို သူမမြင်လိုက်ရသည်။ ဒါပေမယ့် သူမမျက်နှာက ဘယ်လောက်ပဲဆိုးဆိုး မိတ်ကပ်လိမ်းလို့ မရတဲ့အထိတော့ မဟုတ်ခဲ့ပေ။ ဆိုလိုတာက မိတ်ကပ်လိမ်းခြင်းက သူမရင်ထဲက ခံစားရတဲ့ နာကျင်မှုတွေကို ဖုံးကွယ်ထားနိုင်မလားဆိုတာပင်....