ဘက်ကာသည် ရားကွယ်လ်၏ရှေ့တွင်ရပ်၍ သူမ၏ပခုံးကိုကိုင်လိုက်ကာ ဘက်ကာသည် သူမ၏မျက်လုံးထဲတွင် ကြင်နာသောအကြည့်များဖြင့် ရားကွယ်လ်အား ကြည့်လိုက်သည်။ အထူးသဖြင့် ရားကွယ်လ်လို လူမျိုးကိုသူမနှစ်သိမ့်ပေးရမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။
သူမ၏ အားနည်းချက်ကိုသိဖို့ သူမကိုကြည့်လိုက်ရုံနဲ့ ခန့်မှန်းလို့ရနေလေသည်။ သူမက လူသားဖြစ်နေဆဲပင်ဖြစ်သည်။
ဘက်ကာသည် ရားကွယ်လ်အား သူမမိသားစု၏ဘဏ္ဍာရေးအကျပ်အတည်းအတွက် ယဇ်ပူဇော်ခံရသောသိုးသူငယ်အဖြစ်မှတားဆီးရန် ဒါမှမဟုတ် ရားကွယ်လ်အား တစ်ခုခု ကူညီချင်နေသည့် သူမဦးနှောက်စိတ်ဆန္ဒကို တုန်းလှန်နေခဲ့သည်။
သူမတို့ကြားမှာ ရန်စတွေ ရှိနေသော်လည်း အနည်းဆုံးတော့ ရားကွယ်လ် ဒုက္ခရောက်အောင် မလုပ်နိုင်ဘူး။
"စိတ်မပူပါနဲ့ ရားကွယ်။ ငါ လုပ်နိုင်သလောက် ကြိုးစားကြည့်မယ်။"
"ဘာလို့ ကူညီမှာလဲ? ငါက နင့်အတွက် မကောင်းတဲ့သူမဟုတ်ဘူးလား" ရားကွယ်လ်သည် သံသယစိတ်ဖြင့် မေးလိုက်သည်။
'တစ်ချိန်က သူမဘဝကို ငရဲကျေအာင်လုပ်ခဲ့ဖူးတဲ့ သူကို ဘာကြောင့်ကောင်းနေရတာလဲ' ဟု ရားကွယ်လ် သူမဘာသူမ တွေးမိလေသည်။
"ဟုတ်တယ်....နင်က မကောင်းတဲ့သူ...ဒါပေမယ့် ငါကနင်နဲ့မတူဘူး။ ငါက အခြားသူတွေအပေါ် အချည်းနှီးလုပ်ရပ်တွေ မလုပ်ဘူး ......"
"ငါ နင့်ကို အကြွေးမတင်ချင်ပါဘူး။"
ဒီမိန်းမကတော့ သူ့ကိုယ်သူ အကျင့်ကောင်းသလိုလုပ်နေတယ်....
ဘက်ကာ၏နှုတ်ခမ်းများသည် တွန့်ကွေးသွားသော်လည်း မျက်နှာကိုတည်တည်ဖြစ်ေစရန် ကြိုးစားဆဲဖြစ်သည်။
"အိုကေ... ကောင်းပြီ... ဒါဆို နင့်မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ငါ့အကူအညီယူမလား ဒါမှမဟုတ် နင်ဒီမှာနေပြီးတော့ ကလေးတစ်ယောက်လို ငိုနေမှာလား? ရွေးချယ်....." ဘက်ကာသည်စိတ်မရှည်သလို သက်ပြင်းကို မှုတ်ထုတ်လိုက်ပြီး ရားကွယ်လ်သည်လည်း အကောင်းဆုံးရွေးချယ်မှုတစ်ခုအတွက် စဉ်းစားနေသကဲ့သို့ သူမ၏အောက်နှုတ်ခမ်းများကိုကိုက်နေခဲ့သည်။