Chapter 55

720 50 2
                                    



လီယိုသည် မဂ်လာပွဲသို့ တက်ရောက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဂျော်နီ၏ဖိတ်ကြားမှုကြောင့်လည်းဖြစ်သလို ခရစ်စတီးနားကိုလည်း သူ၏သူငယ်ချင်းအဖြစ် သတ်မှတ်ထားသောကြောင့်ဖြစ်သည်။ သူမက သူ၏ညီမဖြစ်ရတာကို ‌နှစ်သက်သောကြောင့် သူမ၏မဂ်လာပွဲကို ကြည့်ဖို့ အမှန်တကယ်တက်ရောက်ခဲ့သည်။

ဒါပေမယ့် ပွဲခင်းကို အာရုံစိုက်ရမည့်အစား ၊ ဒါမှမဟုတ် မဂ်လာမောင်နှံကို ကြည့်ရမည့်အစား သူ့မျက်လုံးများက ဘက်ကာကိုသာ စိုက်ကြည့်နေမိခဲ့သည်။

သူမကို နေရာနဲ့ အချိန်အနည်းငယ်ပေးဖို့ ကြံစည်ခဲ့သည့်သူက သူကိုယ်တိုင်ဖြစ်နေခဲ့ပြီး အကူကယ်မဲ့စွာ သူမကို လွမ်းနေခဲ့သည်။သူမကို သူအရမ်းလွမ်းနေခဲ့သည်။ သူမ၏လှုပ်ရှားမှုအားလုံးကို ပြန်တင်ပြနိုင်ဖို့ လူလွှတ်ထားပေမယ့် တင်းတိမ်နိုင်မှုမရှိခဲ့ပေ။ သူကိုယ်တိုင် သူမကို တွေ့ချင်ပြီး ပွေ့ဖက်ထားချင်မိသည်။

လီယိုသည် သူမကို လုံးဝပြီးပြည့်စုံစွာ မြင်ရနိုင်သည့် အနောက်ဘက်ရှိခုံကို ရွေးချယ်ကာ ထိုင်ခဲ့သည်။ ဒီည သူမရဲ့ပုံစံက ဘဝင်ခိုက်စေလောက်အောင် လှနေမှန်း သူသတိပြုမိသည်။ ဒါပေမယ့် သူက ယောင်္ကျားတသ်ယောက်ဖြစ်သည့်အတွက် သူမဝတ်တဲ့ ဂါဝန်နဲ့ ပတ်သက်ပြီး ပြဿနာအချို့ကို မြင်နိုင်နေတုန်း ဖြစ်သည်။

ထိုပြဿနာက ရင်သားဧရိယာကို အလွန်အမင်း ဖော်ပြနေခြင်းဖြစ်သည်။ ထိုအရာက ရှင်းရှင်းလင်းလင်း မြင်နေရပြီး သူကိုယ်တိုင်ကလည်း သူမရင်ဘတ်ကို ကြည့်ရတာ ကြိုက်ပါတယ်...ဒါပေမယ့် သူမှာ သာယာမှုရဖို့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အကြည့်တွေတော့ မရှိခဲ့ဘူး။ အထူးသဖြင့် သူမ ကို ဖက်ရဲတဲ့ ဟိုခွေးကောင်လို မဟုတ်ဘူး။

ဒီပွဲက သူ့သူငယ်ချင်း၏ မဂ်လာပွဲမို့ သူ၏အသိစိတ်ကိုထိန်းချုပ်ခဲ့ရသည်။ ထိုသို့မဟုတ်လျှင် ကိုင်လီအား ခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြစ်အောင် ကိုင်တွယ်လိမ့်မည်ဖြစ်သည်။ ထိုသူက ဘက်ကာရဲ့အချစ်ဆုံးသူငယ်ချင်းတွေ...ဘာတွေ သူ ဂရုမစိုက်ဘူး။ ဘာလို့လည်းဆိုတော့ သူက သူပိုင်ဆိုင်တဲ့အရာတွေကို လာထိတာမျိုးအရမ်းမုန်းခဲ့သည်။ နောက်ပြီး ဘက်ကာက သူ့အပိုင်.... ဒါပေမယ့် မဂ်လာပွဲကို အေးချမ်းစေဖို့ သူ နောက်ဆုတ်ပေးခဲ့လေခြင်းဖြစ်သည်။

The Mafia's Queen (Mm Translation)Kde žijí příběhy. Začni objevovat