"ကိုယ်ပြောတာကို မင်းကြားရဲ့လား?" လီယို၏အသံကြောင့် ဘက်ကာသည် သူမ၏အိပ်ရာထဲမှ ရုန်းထွက်ခဲ့သည်။သူမ မျက်တောင်ခတ်လိုက်ပြီး "ဟင်?" စိတ်ရှုပ်သွားဟန်ဖြင့် မေးလိုက်သည်။
"နားမထောင်ဘူးလား?"
မဟုတ်ဘူး....သူမ အရမ်းအလုပ်ရှုပ်နေတာ။
"ရှင်ပြောတဲ့ နောက်ဆုံးအပိုင်းကို မသိလိုက်ဘူး။" သူမ လိမ်ခဲ့တာပါ။ လီယိုကသူမကို ပြောင်ပြောင် တင်းတင်း စကားလုံးတွေနဲ့ တိုက်ခိုက်နေတာတောင် သူ၏အင်္ကျီမဝတ်ရသေးတဲ့အချက်ကြောင့် သူ့ကိုအာရုံမစိုက်နိုင်ခဲ့ပါဘူး။
"ကိုယ် ပြောတာက ကိုယ်မင်းကို အလုပ်ပို့ပေးမယ်လို့ ပြောတာ..." ဟု လီယိုကပြောလိုက်ပြီးနောက် သူမက ချက်ချင်းပဲ ခေါင်းယမ်းလိုက်သည်။
"ရှင်အဲ့လိုလုပ်စရာမလိုပါဘူး.... ကျွန်မ ကိုယ့်ဘာသာကိုယ် အလုပ်သွားလို့ရတယ်" ဟု သူမက ယဉ်ကျေးစွာ ငြင်းဆိုခဲ့သည်။ သူမသည် လီယိုအား တာဝန်ဝတ္တရားဟု ခံစားေစရသော ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ခဲ့ပါ။
ဘာကြောင့်မှန်းမသိ လီယိုက လွန်ခဲ့တဲ့နှစ်ပါတ်တည်းက သူမကို အလုပ်လိုက်ပို့ပြီး လာကြိုလည်း လာကြိုခဲ့သည်။ ထိုအရာကသူမအပေါ် အကာအကွယ်နှင့် ဂရုစိုက်မှုတို့ကို ခံစားစေခဲ့ရသော်လည်း၊ ၎င်းသည် သူမအား အလုပ်ကိစ္စတစ်ခုလို ခံစားစေခဲ့သည်။ သူမက အသုံးမကျသလိုပင်။
ရီဘက်ကာရားမက်စ်သည် အသုံးမဝင်တာေတာ့ မဟုတ်ပေ။ သူမကိုယ်တိုင် အသုံးမဝင်သူမဖြစ်ရအောင် တစ်သက်လုံး အလုပ်ကြိုးစားခဲ့သည်။
ကျောင်းပြီးတဲ့အချိန်ကနေစပြီး အခုသူမမှာ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုရှိပြီး သူမလိုချင်တဲ့အရာများကို အမြဲလုပ်ခဲ့လေသည်။ အချစ်ကြောင့်နဲ့ ဘာဘီ အရုပ်အဖြစ်သို့ ပြောင်းလဲပေးဖို့အတွက် သူမ အဆင်သင့်မဖြစ်သေးပါဘူး။
လီယိုက သူမ၏ဆုံးဖြတ်ချက်ကို ငြင်းဆန်မည်ကို သိသဖြင့် ဘက်ကာသည် သူမအောက်မှ စောင်ကို ဆွဲထုတ်ကာ ခန္ဓာကိုယ်အနှံ့ ချည်နှောင်လိုက်သည်။