Summer Night ကော်ဖီဆိုင်တွင် ....
' ရော့ .... ဒီ ကော်ဖီ စားပွဲ နံပတ် ၇ ကို သွားပို့ပေးလိုက်အုံး။
ပြီးတော့ ... ဒီ လိမ္မော် အချိုရည်က စားပွဲ နံပတ် ၃ ကို ပို့လိုက်။'
' အကို Espresso နှစ်ခွက် ပြီးတော့ ဒီ ချောကလက် ကိတ် နှစ်ခု နဲ့ ဆို ဘယ်လောက်ကျလဲ ...'
' xxx ကျပါတယ်။ မုန့် ယူသွားပြီး ခန ထိုင်စောင့်ပေးပါနော်။ ခနနေမှ Espresso နှစ်ခွက် လာပို့ပေးမယ်။'
ကျင်းပေါင် ကောင်တာကနေ စားသုံးသူတွေ မှာထားတဲ့ စာရွက်တွေ မှတ်လိုက် ၊ ရလာတဲ့ အော်ဒါ တွေကို ရိဖုန်း နဲ့ ရှောင်း ကို သွားပို့ခိုင်းလိုက်နဲ့ တကယ်တော့ ကောင်တာမှာ တနေရာတည်း နေ နေပြီး လုပ်ရတဲ့ လူက ပိုပင်ပန်းပါတယ်။
' အော်ဒါ ထပ်ရှိသေးလား !!!!.'
' မရှိသေးဘူး။ ခန ထိုင်စောင့်အုံး။'
ရှောင်းကျန့် အော်ဒါ မရသေးဘူး ဆိုတာနဲ့ ကောင်တာနောက်က ထား ထားတဲ့ ဖုန်းဆီ အပြေးသွားကြည့်လိုက်သည်။
ဒါပေမယ့် သူမျှော်လင့်ထားတဲ့ ဖုန်းကတော့ မဝင်လာသေးပါ။
ရိဖုန်း အားတာနဲ့ ဖုန်းနဲ့ မျက်နှာ မခွါတဲ့ ရှောင်းကို ကြည့်ပြီး ကျင်းပေါင်ကို လက်ကုတ်လိုက်သည်။
' ဘာလဲ !!!!.'
ကျင်းပေါင် ရိဖုန်းကို ကြည့်လိုက်တော့ တစ်ခြားနေရာကို မေးဆတ်ပြတာကြောင့် ဆက်ကြည့်လိုက်တော့ ဖုန်းကို ကြည့်နေတဲ့ ရှောင်းကို တွေ့လိုက်ရသည်။
' သူ ... အွန်လိုင်းကနေ ပစ္စည်း မှာထားတာများ ရှိလို့လား။ ဒီတစ်ပတ် အတွင်း ဖုန်း နဲ့ မျက်လုံးနဲ့ကို မခွါဘူး။'
' မသိဘူး။ သူ အဲ့လို ဖြစ်တာ ငါတို့ ဟိုတစ်ခါ ဘား သွားပြီး ပြန်လာကတည်းက။ အဲ့ည သူ တစ်ယောကါယောက်နဲ့များ တွေ့ခဲ့တာလား မသိဘူး။'
' အဲ့ဒါ အသာထားအုံး ... အခု ငါတို့ဆိုင် ဝန်ထမ်း ခေါ်ထားတာ လာလျှောက်တဲ့ လူ လည်း မရှိပါလား။ ဒီတိုင်း မုန့်ဖုတ် တဲ့ လူ နဲ့ အအေး ၊ ကော်ဖီ ဖျော်တဲ့ လူ နဲ့ ငါတို့ချည်းပဲဆို အဆင်မပြေဘူးနော်။'
YOU ARE READING
Beyond Pain ( Completed )