Ep - 34

1.7K 80 2
                                    

Korea Seoul !!!!

' ချာတိတ် ပြီးပြီလား။'

' မပြီးသေးဘူး။ ကိုကို ပြီးရင် ကလေးတွေ ပစ္စည်း လာထည့်ပေးအုံး။ ဒီမှာ လိုက်ရှုပ်နေတာနဲ့ ဘာမှ လုပ်မရတော့ဘူး။'

ရိပေါ် အိပ်ခန်းထဲ ပြန်ဝင်လာတော့ အဝတ်တွေ သေတ္တာထဲ စီထည့်နေတဲ့ အနားမှာ မီးမီး နဲ့ သားသားကလည်း သူတို့ အဝတ်တွေ ယူ ယူလာပြီး ထိုးထည့်နေတာ မြင်လိုက်ရသည်။

' လာ လာ ... ကလေးတွေ ဖေဖေ ထည့်ပေးမယ်။ ဘာတွေ ယူသွားမှာလဲ။'

' တားတား စက်ရုပ်ယူသွားမယ်။ လီ တိတိ လည်း လိုက်မယ်ဆို ဟုတ်လား ဖေဖေ။ တားတား သူနဲ့ ဆော့မှာ။'

' အင်း ပါတယ်။ သူတို့က သွားနှင့်ပြီ။'

ရိပေါ် နောက်ထပ် သေတ္တာ တစ်လုံး ထပ်ယူလာပြီး ကလေးတွေ သူတို့ ယူချင်တာ လာ လာ ပစ်ထည့်ပေးတာကို ထိုင်စီပေးနေလိုက်သည်။

' ကိုကို ... ကလေးတွေ အဝတ်ကို အပါးတွေ မထည့်နဲ့တော့။ ထူတာတွေပဲ ထည့်ပေး။ အနွေး ဦးထုပ် ခြေအိတ် လက်အိတ်လေးတွေလည်း မမေ့နဲ့အုံး။'

' အင်းပါ။ ကိုယ် သိတယ်။ ချာတိတ်သာ သေချာစဉ်းစားပြီးထည့် ဆေးတွေလည်း ဆောင်သွားသင့်တယ်။ လူကြီးက ကိစ္စ မရှိဘူး။ ကလေးတွေကျ ရာသီဥတု ကြောင့် နေမကောင်း ဖြစ်မှာ စိုးရတယ်။'

' အကုန် စီထားပြီးပြီ။ ထည့်ဖို့ပဲ ကျန်တော့တယ်။'

' ပါ့ပါ ... တားတား ရဲ့ သားနို့ ( Thanos ) အရုပ် ဘယ်မှာလဲ။'

ရိပေါ် သားသား ယူလိုက်တဲ့ အရုပ်က သူတို့ မောင်နှမ နှစ်ယောက်ရဲ့ အဝတ်တွေထက်တောင် များနေပြီး ... အခုလည်း သူ့ပါပါး ကို ထပ်သွားမေးနေပြန်ပြီ။ ဒီလိုမှန်းသိ အရုပ်တွေချည်း သပ်သပ် တစ်အိတ် ထည့်ပေးပါတယ်။

ရှောင်းကျန့် သားသား အမေးကြောင့် ကိုကို အဝတ်ပြင်ပေးနေတဲ့ သေတ္တာကို လှမ်းကြည့်တော့ တော်တော် များနေပြီ ကလေးတွေများ ဘယ်သွားသွား အရုပ်က ပါကို ပါရမှ ဖြစ်မှာလား။

' သားသား အခု ဖေဖေ ထည့်ပေးနေတာတွေလည်း တော်တော်များများ ပါနေပြီလေ။ ကျန်တာ ထပ်မယူနဲ့တော့။ ပြီးကျရင် အဲ့ရောက်ရင်လည်း တိတိ ဆီမှာ အရုပ်တွေ ပါလာအုံးမှာ။ တိတိ နဲ့ပဲ အတူတူ ဆော့လိုက်နော်။ သားသားက လိမ္မာတယ်။'

Beyond Pain  ( Completed )Where stories live. Discover now