Ep - 16

3.9K 249 13
                                    

ကိုးရီးယား ... ဆိုးလ်

' ဟျောင့် ... ရိပေါ် ငါတို့ မြင်နေတာ လူ နေအိမ်လား၊ ထောင်လား...'

' အေးလေ။ ကြည့်အုံး။ အထဲကို မြင်ရဖို့ နေနေသာသာ  ဒီအပြင်က အုတ်နံရံတွေကနေတောင် ကျော်ဖို့ကို တော်တော် ခက်ခက်ခဲခဲ ကြိုးစားရမှာ။'

' မင်း ကောင်လေးက ကိုးရီးယား သမ္မတရဲ့ သား များ ဖြစ်နေမလား။ တရုတ်က သူ့သူငယ်ချင်းဆိုလည်း တစ်ယောက်က ဝန်ကြီးချုပ်ရဲ့ သား ၊ နောက်တစ်ယောက်ကလည်း အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ သား ဖြစ်နေတာဆိုတော့လေ။'

' ဟုတ်ပါ့။ ဖြစ်နိုင်ရင် အရင်ခေတ်ကလို သံကွန်ချာနဲ့များ အုတ်လို့ ရရင် အုတ်ထားချင်သေးလား မသိဘူး။ ဒါနဲ့တောင် အဲ့ကောင်လေး တရုတ်ကို တစ်ယောက်တည်း ဘယ်လို လာနေရဲတာလဲ မသိဘူး။'

' ကဲ ... မင်းတို့ကို ငါနဲ့ ကိုးရီးယားကို ခေါ်လာတာ အကြံဥာဏ် ရမလား ဆိုပြီး ခေါ်လာတာ။ အခုလို စစ်မရောက်ခင် မြှားကုန်ပြဖို့ မဟုတ်ဘူး။'

ရိပေါ် တစ်ယောက် တစ်ပေါက် ပြောနေတဲ့ လီမင် နဲ့ ထန်းမူ ကို ကြည့်ပြီး အားမပါတဲ့ လေသံ နဲ့ ပြောလိုက်သည်။ သူလည်း အခု မြင်နေရတဲ့ ချာတိတ်ရဲ့ အိမ်ရှေ့ မှာ ဝင်ပေါက် တစ်ပေါက်ပဲ ရှိနေတဲ့ အုတ် တံတိုင်းက လူ ၃ ရပ်စာလောက် အမြင့်နဲ့ ခတ်ထားတာကြောင့် ချာတိတ် နဲ့ ဘယ်လိုတွေ့ရမလဲ ဆိုတာ စဉ်းစားရင်း အကြံအိုက်နေရတာပဲ ဖြစ်သည်။

' ဒီနေ့တော့ ပြန်ရအောင်ကွာ ... တနင်္ဂနွေ နေ့ ဆိုတော့ သူတို့ အပြင်ထွက်မှာ မဟုတ်တော့ဘူး ထင်တယ်။ ငါတို့ ရောက်နေတာလည်း တစ်နေကုန်တော့မယ်။ မနက်ဖြန်မှ ဒရုန်း ယူပြီး ထပ်လာကြည့်ရအောင်။'

' ဟုတ်တယ်။ ထန်းမူ ပြောတာ မှန်တယ်။ ဒီတိုင်းဆို အိမ်ထဲကို မြင်ရမှာ မဟုတ်ဘူး။ ဒရုန်း လွှတ်ပြီး ကြည့်မှ မင်းရဲ့ ချာတိတ်ကို မြင်ရတော့မှာ။'

ရိပေါ် ချာတိတ်တို့ အိမ်ရဲ့ ဘေးပတ်ဝန်းကျင်ကို ကြည့်တော့ ချာတိတ်တို့ အိမ်လောက် လုံခြုံရေးတွေ မြှင့်ထားတာ မတွေ့ရပါ။

' ငါ ချာတိတ် တို့ အိမ်နားမှာ အိမ်ရှာဝယ်လိုက်ရင် ကောင်းမလား။'

Beyond Pain  ( Completed )Where stories live. Discover now