Ep - 10

5K 315 12
                                    

ကျန်းအိမ်တွင် ....

' သမီး ... ခုလို ဖြစ်စေချင်တယ်ဆိုတာ သေချာပြီလား။'

' ဟုတ်ကဲ့ မား။'

' ခုန ဝမ်အိမ်က ဖုန်းဆက်လာသေးတယ်။ သူ့သားကို အိမ်ပေါ်က နှင်ချလိုက်ပြီလို့ ပြောတယ်။'

' သမီး သူ့အကြောင်းတွေ မသိချင်တော့ဘူး မား။ ပြီးတော့ သမီး မနက်ဖြန်ပဲ အီတလီ သွားတော့မယ်။'

' အို ... သင်တန်းတက်ဖို့က အမှန်ဆို လိုသေးတယ်မလား။ သမီး ဘက်ကမှ မမှားတာ ဘာလို့ ရှောင်ပြေးမှာလဲ။'

' သမီး ရှောင်ပြေးတာ မဟုတ်ပါဘူး။ ဝမ်ရိပေါ် ရှိတဲ့ မြေမှာကို မနေချင်တော့တာပါ။'

' ဒါဆို သမီးက မားတို့ကို တစ်သက်လုံး ခွဲသွားဖို့များ စိတ်ကူးနေတာလား။'

' သမီး မား နဲ့ ပါး ကို ပြန်လာလည်မှာပါ။ တကယ်တော့ သမီး အဲ့ဒီနိုင်ငံသားတောင် ခံယူဖို့ ဆုံးဖြတ်ထားတာပါ။'

' အိုကွယ် .... ဘာလို့ အဲ့လောက်ထိ လုပ်ဖို့ လိုမှာလဲ။ သတင်းဆိုတာ ကောက်ရိုးမီး လောင်သလိုပါပဲ နောက်ထပ် သတင်း အသစ် အသစ်တွေ ထပ်ရှိလာရင် သမီးတို့ စေ့စပ်ပွဲဖျက်တဲ့ ကိစ္စက ဘယ်သူမှတောင် သတိရတော့မှာ မဟုတ်ပါဘူး။'

' သမီး အေးဆေး သင်တန်းတက်ပြီး ကိုယ့်ဘာသာ လုပ်ငန်း မထူထောင်ခင် တစ်ခြားနေရာမှာ အတွေ့ကြုံ ယူချင်သေးလို့ပါ။'

' အဲ့ဒါဆိုလည်း နိုင်ငံသား အဖြစ် ခံယူစရာ မလိုပါဘူး။ သမီး ကြိုက်သလောက်နေပါ ပြီးရင်သာ ပြန်လာခဲ့။ မား တို့မှာ ဒီသမီးတစ်ယောက်ပဲ ရှိတာလေ။'

အန်ချန် တကယ်တော့ သူ ရိပေါ်ကို ချစ်မိသွားခဲ့တာပါ။ သူ့ဘက်က စေ့စပ်ပွဲ ဖျက်သိမ်းပေးလိုက်တာကလဲ သူ ချစ်တဲ့လူဆီက ပြန်အချစ်ခံရဖို့ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး ဆိုတဲ့ စကားကြောင့်ပဲ။ ဝမ်ရိပေါ်က သူ့ကို ကြိုးစားဖို့တောင် အခွင့်အရေး မပေးဘူး။ အဲ့ဒါကြောင့် သူ ဝမ်ရိပေါ်ကို မေ့ဖို့က အချိန် ခနလေး အတွင်းမှာ မဖြစ်နိုင်ဘူး ဆိုတာ သိတာကြောင့် တရုတ်ကို ဘယ်တော့မှ ပြန်မလာဖို့ ဆုံးဖြတ်ပြီး အီတလီကို အပြီး ထွက်သွားဖို့ လုပ်နေတာ။

Beyond Pain  ( Completed )Where stories live. Discover now