ဝမ်အိမ်တွင် .....
' သား ... ရိပေါ် သမီးကို ဟင်း ထည့်ပေးအုံးလေ။'
' ရပါတယ် မား။ သမီး ကိုယ့်ဘာသာ ထည့်စားပါ့မယ်။'
' အင်း။ ထည့်စားနော် သမီး ဘာကြိုက်တတ်မှန်း မသိတော့ မှန်းပြီးပဲ ချက်ခိုင်းထားရတာ။ သမီး မစားတာများ ပါသေးလား။'
' မပါ ပါဘူး။ သမီး အကုန်စားပါတယ်။'
' အင်း ဒီနေ့တော့ သမီးကိုပဲ ခေါ်ခိုင်းလိုက်တာ။ နောက်မှ သမီးရဲ့ ပါး နဲ့ မားကိုပါ ခေါ်ပြီး အတူစားကြရအောင်။'
' ဟုတ်ကဲ့။'
ရိပေါ် ခုတလော သူလည်း စိတ်နဲ့ လူနဲ့ မကပ်တာကြောင့် မား နဲ့ အန်ချန်ရဲ့ စကားဝိုင်းထဲကို ဝင်မပါပဲ နေလိုက်တယ်။
' ဒါနဲ့ သမီးနဲ့သား လက်ထပ်ဖို့က သမီးက ဒီဇိုင်နာ သင်တန်း မပြီးသေးလို့ဆို။'
' ဟုတ် ... နောက်ထပ် တစ်နှစ်ပဲ တက်ရတော့မှာပါ။ အဲ့ဒါကို သမီး နဲ့ ရိပေါ် ဆွေးနွေးပြီးသားပါ။'
' အင်း မား သိတယ်။ ဒါပေမယ့် နောက်ထပ် တစ်နှစ်က မကြာဘူးလားကွယ်။ သားဆို ၃၁ နှစ်တောင် ရှိပြီ။'
' မားကလည်း အန်ချန် အေးဆေး တက်ပါစေ။ သူလည်း သူ ဝါသနာပါတာ လုပ်ချင်မှာပေါ့။ နောက်နှစ်ဆိုလည်း ဘာဖြစ်လဲ သားက ၃၂ နှစ်ပဲ ရှိအုံးမှာပဲလေ။ ပြီးတော့ စေ့စပ်ထားကြပြီပဲကို။'
' ဟုတ်ပါတယ် မား။ သမီး ဒီဇိုင်နာ သင်တန်းတက်ပြီး ကိုယ့်ဘာသာ ဒီဇိုင်းဆွဲပြီး အဝတ်စားတွေ ထုတ်ဖို့ စီစဉ်နေတာ ကြာပါပြီ။ ပြီးတော့ တစ်နှစ်က မကြာပါဘူး။'
' အေးပါ။ အေးပါ။ သား နဲ့ သမီး တစ်ယောက်နဲ့ တစ်ယောက် နားလည်တယ်ဆို ပြီးသာပဲ။'
' ဒူ ... ဒူ .... ဒူ .....'
' မား ... သား ဖုန်း ခန သွားပြောအုံးမယ်။'
ရိပေါ် ဖုန်းတုန်ခါလာလို့ ထုတ်ကြည့်လိုက်တော့ သူ ခိုင်းထားတဲ့ လူ ဆီက ဖြစ်နေတယ်။ ခါတိုင်း သူ ဖုန်းဆက်မမေးရင် သူ့ဆီ ဆက်မလာတတ်တာကြောင့် တစ်ခုခုတော့ ထူးနေပြီဆိုတာ သိလိုက်တယ်။
ရိပေါ် ဖုန်းလာလို့ ပျော်သွားတာကို ပြန်ဖုံးဖိလိုက်ပြီး မျက်နှာသေနဲ့ပဲ မား ဆီက ခွင့်တောင်းပြီး ခြံထဲ ဆင်းလာလိုက်တယ်။
YOU ARE READING
Beyond Pain ( Completed )