နောက်တစ်နေ့ မနက် ရောက်သော် ....
ဝန်ကြီးချုပ် အိမ်တွင် ......
' အန်တီ ၊ အန်ကယ် ကျနော် တို့ ပြန်ပါအုံးမယ်။ ကျေးဇူးလည်း တင်ပါတယ် ခင်ဗျ။'
' ရပါတယ်ကွယ်။ နောက်လည်း အိမ်ကို ထပ်လာလည်နော်။ သားက စကားပြောလို့ ဆိုလို့ကောင်းတော့ အန်တီ ဖြင့် ချစ်နေပြီ သိလား။ သား သူငယ်ချင်း ကိုလည်း ခုလို စကားကို အမေ နားထဲ ချိုအောင် ပြောတတ်ဖို့ သင်ပေးလိုက်အုံး။'
ရှောင်းကျန့် ရိဖုန်းကို ရွဲ့ပြောနေတဲ့ အန်တီကြောင့် သူ့ ယုန်သွား ပေါ်အောင် ပြုံးရင်းနဲ့ ခေါင်းငြိမ့်ပြလိုက်သည်။
' သား ရိဖုန်း ... သားတို့ လေယာဉ်ဆီ ရောက်တာနဲ့ အဆင်သင့်ဖြစ်အောင် ပါး ပြောထားလိုက်ပြီ။ ပြီးတော့ ကိုးရီးယားဘက်မှာ ဆင်းဖို့လည်း ပြောထားပြီးသား။
သားကရော ချက်ချင်း ပြန်လိုက်လာမှာမလား။'
' ဟုတ် ပြန်လာမှာ ပါး။ ကျေးဇူးတင်ပါတယ်။ သား တောင်းဆိုတာ လုပ်ပေးလို့။'
' မလိုဘူး အပိုတွေ မပြောနဲ့။ ပြီးရင် အိမ်ပြန်လာနေဖို့သာ စဉ်းစား။'
ရိဖုန်း အိမ်ပြန်လာနေဖို့ ပြောတာကို ခေါင်းမငြိမ့် မခါ သေးပဲ လေယာဉ် ထားတဲ့ နေရာဆီ သွားဖို့ ကားပေါ်ပဲ တက်သွားလိုက်သည်။
~~~~~~~~~
လမ်းမကြီးပေါ်မှာ သူ့ ချာတိတ်ကို ရှာဖို့ အတွက် တရိပ်ရိပ် ပြေးနေတဲ့ ကား တစ်စီး နဲ့ ဝန်ကြီးချုပ် အိမ်ကနေ လေယာဉ်ကွင်းဆီ သွားတဲ့ ကား တစ်စီးက ဆုံနိုင်ကြမလား ......
' ရိပေါ် ... ငါတို့ မနက်ကတည်းက ရှာနေတာနော်။ ပေကျင်းက ဆေးရုံတွေလည်း ကုန်တော့မယ်။ ဟိုကောင်က ဘယ်ကလေကဝ ဆေးရုံကို ခေါ်သွားတာမို့လို့ ခုထိ ရှာလို့ မတွေ့ရတာလဲ။'
ရိပေါ် သူလည်း စိတ်တွေ ညစ်နေပြီ ဖြစ်သည်။ သူ့လက်က သံဆိပ်တွေ တက်နေတာကြောင့် လူကလည်း အဖျားရှိန် တက်နေတယ်။ ဖြစ်နိုင်ရင် ချာတိတ်ရဲ့ ပေါင်ပေါ်မှာ ခေါင်းအုံးပြီးတော့ပဲ အိပ်နေချင်တော့တာ။
' ဒီ $ ချီး မီးပွိုင့်ကလည်း ဘာလို့ ခန ခန မိနေရတာလဲ ....'
ရိပေါ် လီမင်က ကားမောင်းနေတာ ဖြစ်တာကြောင့် သူတို့ကား မီးပွိုင့်မှာ ရပ်သွားတော့ ဘာရယ်မဟုတ် မီးစိမ်းလို့ သွားနေတဲ့ တစ်ဖက်က ကားတွေကို လိုက်ကြည့်နေလိုက်တယ်။
YOU ARE READING
Beyond Pain ( Completed )