China Beijing ....... လေဆိပ် တွင်
ကျင်းပေါင် လေယာဉ်ဆိုက်တာနဲ့ ဆင်းလာတော့ လူ လာကြိုတဲ့ နေရာမှာ သူ့ကို လက်လှမ်းပြနေတဲ့ ရိဖုန်းကို တွေ့ရသည်။
' မင်း လာစောင့်နေတာ ကြာပြီလား။'
' အင်း တစ်နာရီ လောက်ရှိပြီ။'
' အင်း လေယာဉ်က သူ့အချိန် ထက် နောက်ကျသွားတာ။'
' ရတယ်။ ပေး ... မင်း ပစ္စည်းတွေ။'
ကျင်းပေါင် သူ့ အဝတ်အိတ် တွန်းပဲ တွန်းလာရတာကို လာတောင်းနေတဲ့ ရိဖုန်း ကြောင့် ပြုံးရင် လက်လွှဲပေးလိုက်သည်။
' ငါတို့ဆိုင် ဘယ်လိုတွေ ဖြစ်နေပြီလဲ။ မင်း ကော သွားကြည့်လား။'
' ငါ့ညီမကို လွှတ်ထားတယ်။ သူက အလုပ် မရှိဘူးလေ။ အဲ့ဒါကြောင့် ဘာမှမသိ မတတ်လည်း ဒီတိုင်း လူရှိန်အောင် လွှတ်ထားတာ။'
' မင်း ညီမ ဘယ်တုန်းက ပြန်လာတာလဲ။ ကျောင်းကော ပြီးသွားပြီလား။'
' မပြီးသေးဘူး။ စာမေးပွဲ ပြီးလို့ ပြန်လာတာတဲ့။'
' ဒါဆို တော်သေးတာပေါ့ လူရင်း ရှိနေလို့။ ရှောင်း နဲ့ကော စကားပြောဖြစ်သေးလား။'
' ဟိုတစ်ခါ ပြောပြီးကတည်းက ထပ်မပြောဖြစ်ဘူး။ ငါလည်း မအားဘူးလေ။ သူလည်း မဆက်လာဘူး။'
' ငါ့ဆီ လည်း မဆက်လာဘူး။ တကယ်လို့ မင်း အားရင် သူ့ဆီ ခန သွားကြည့်ကြမလား။'
သူတို့ ထွက်လာတာနဲ့ ရိဖုန်း အဝတ်အိတ်ကို ကားနောက်ဖုံးမှာ သွားထည့်လိုက်ပြီး ကျင်းပေါင်ကို လည်း ရှေ့ခန်း ကား တံခါး ဖွင့်ပေးလိုက်သည်။
ရိဖုန်း သူလည်း ကားပေါ် တက်လိုက်ပြီး ...
' မင်း အခုမှ ပြန်ရောက်တာလေ နားပါအုံး။ သင်တန်းတွေလည်း အမြန်ဖြတ်ခဲ့ရတော့ ပင်ပန်းနေမှာ။ ငါလည်း မအားသေးဘူး။ နောက်ထပ် တစ်ပတ် နှစ်ပတ်လောက်နေမှ သွားရအောင်။ ပြီးရင် ဆိုင်ကိုလည်း သေချာ ပြန်ကြီးကြပ်ရအုံးမှာ။ ငါ့ညီမ ဘာမှ မမွှေထားပါစေနဲ့လို့ ဆုတောင်းရမှာပဲ။'
ကျင်းပေါင် ရိဖုန်း ပြောတာလည်း မှန်တာကြောင့် ရိဖုန်း ပြောသလို လုပ်ဖို့ပဲ တွေးလိုက်သည်။
YOU ARE READING
Beyond Pain ( Completed )