Ep - 18

3.8K 226 8
                                    

Xiao အိမ်တွင် ....

' မားမား !!! သား ဒီနေ့ ကား ယူသွားလိုက်မယ်နော်။ မနေ့ကလို မားမား မအားတာမျိုး ထပ်ဖြစ်ရင် ကား ငှါးလာစရာ မလိုတော့ဘူးပေါ့။'

' အင်း ယူသွားလေ ဘေဘီ။ မဟုတ်တောင် မားမား ပြောတော့မလို့။ ပြီးတော့ မနေ့က ဘယ်လိုလဲ အဆင်ပြေလား။'

' ပြေပါတယ်။ လူလည်း မများဘူး။ ဒါပေမယ့် ချက်ရမယ့် ဟင်းအမယ် တွေကို ကိုယ်တိုင် သွားဝယ်ရတာ အဆင်မပြေဘူး။ တစ်ချို့ဟာတွေက သယ်ရတာ လေးတယ်။'

' ဟုတ်လား။ ဒါဆို မားမား သူ့ကို ဖုန်းဆက်လိုက်မယ်လေ။ ဘေဘီ အတွက် ကို ဝယ်ပြီး ပို့ပေးခိုင်းထားဖို့။ သူက စားဖိုမှူးဆိုတော့ ပစ္စည်းတွေ ဝယ်ဖူးမှာပဲ။'

' မားမားကလည်း သား တစ်ယောက်တည်း အတွက် နဲ့ ကောင်းပါ့မလား။'

' ဘာမှမဖြစ်ဘူး။ မားမား ပြီးရင် သူ့ကို ဖုန်းဆက်ပေးထားလိုက်မယ်။'

' ဟုတ်။'

' အခက် နဲ့ ဘွန်း !!! ဆော့စရာ အဖော် လျော့သွားတော့ ဝမ်းနည်းနေကျတာထင်တယ်။ ဟုတ်လား ဟင် !!!.'

ရှောင်းကျန့် သူ ထိုင်တဲ့ အနား လာပြီး တစ်ဖက်စီမှာ သူ့ပေါင်ပေါ် ကုပ်ကပ် တက်နေတဲ့ အခက် နဲ့ ဘွန်း ကို ယူပြီး သူ့ပေါင်ပေါ်ကို သေချာတင်ထားပေးပြီး ခေါင်းကို ပွတ်သပ် ပေးလိုက်သည်။

မားမား ပြောလည်း ပြောချင်စရာ နှစ်ကောင်လုံး တစ်နေကုန် သူ မရှိတော့ သင်တန်း မသွားခင်မှာ လာချွဲနေကြတာ။ ရှောင်းကျန့် သူ့လက်တွေ အခက်နဲ့ ဘွန်းရဲ့ ခေါင်းကို ပွတ်ပေးနေရင်း ခေါင်းထဲမှာ အကြံဆိုးကြီး တစ်ခု ပေါ်လာတယ်။ တွေ့မယ် !!! အိမ်ထိ မရမက အတင်းလိုက်ပို့ပေးချင်ပြီး မနက်ဖြန်ကျလည်း ပစ္စည်း ဝယ်ရင် လိုက်သယ်ပေးအုံးမယ် ဆိုတဲ့ လူကြီး .....

' သား သူတို့ကို ခေါ်သွားလိုက်ရမလား။'

' အမ် !!! ခေါ်ပြီး ဘယ်သွားထားမှာတုန်း။'

' pet ထိန်းတဲ့ နေရာ ရှိတဲ့ မားမား ရဲ့ ...'

' ဟုတ်လား။ မားမား လည်း အဲ့ဘက် သိပ်မရောက်ဖြစ်တော့ မသိပါဘူး အဲ့လိုတွေ ရှိတာကို။'

Beyond Pain  ( Completed )Where stories live. Discover now