Seoul ရဲ့ နာမည်ကြီး Mall တစ်ခုတွင် ....
ရှောင်းကျန့် မားမားက သူ့ကို Mall အရှေ့မှာပဲ လာချပေးလိုက်ပြီး အလုပ်ကို တန်းသွားလိုက်တာကြောင့် Mall ထဲကို တစ်ယောက်တည်းပဲ ဝင်လာလိုက်သည်။
သူ့ကို အစားအသောက် သင်တန်း အပ်ပေးထားတဲ့ အထပ်ရောက်တော့မှ သူ ဝင်ရမယ့် နေရာမှာ မှန်အကြည်တွေပဲ ကာထားတာကြောင့် အထဲမှာ သူ့လို သင်တန်းတက်မယ့် လူတွေ ရောက်နှင့်နေပြီကို မြင်ရသည်။
' ဒေါက် .... ဒေါက် ...'
ယဉ်ကျေးမှုအရ တံခါးကို အရင်ခေါက်ပြီးမှ တွန်းဝင်လိုက်သည်။
' ဟော ... သား က ယွဲ့လင်ရဲ့ သား ရှောင်းကျန့် ဖြစ်မယ်။ ခုနမှ သားရဲ့ မားမား ဖုန်းဆက်ထားတာ။'
ရှောင်းကျန့် သူ ဝင်တာနဲ့ တန်းပြောလာတဲ့ အန်တီ ကြောင့် ခေါင်းငြိမ့် ပြလို့ ဟုတ်ကဲ့ ပြောရင်း အနားကို သွားလိုက်သည်။
' ဟုတ်ကဲ့။ ကျနော် ရှောင်းကျန့်ပါ။ အခု ကျနော် ဘာလုပ်ရမလဲ မသိဘူး။'
' အင်း သား အရှေ့က ခုံမှာ နေရာ သွားယူလိုက်၊ ဒီနေ့ သင်မယ့် ဟင်းရဲ့ အမည်တွေကို စားပွဲပေါ်မှာ ကပ်ထားတယ်။ အဲ့ဒါတွေကို အရင် သွားဝယ်ရမှာ။ သား လုပ်နိုင်မလား။'
' ဟုတ်ကဲ့ ရပါတယ်။'
' ဟုတ်ပြီ။ ဒါဆို သားရဲ့ နေရာကို သွားလို့ ရပြီ။ ပြီးလို့ ချက်ပြုတ်မယ့်ဟာတွေ ဘာမှ မပြင်ချင်သေးရင်လည်း ပစ္စည်းတွေ အစုံ သွားဝယ်ပြီးမှ လာလုပ်လည်း ရတယ်။'
' ဟုတ်ကဲ့။'
ရှောင်းကျန့် သူ ချက်ပြုတ်ရမယ့် နေရာကို သွားလိုက်တော့ စားပွဲပေါ်မှာ စာရွက် တစ်ရွက် ကပ်ထားတာ တွေ့လိုက်ရတယ်။
တစ်ခြား လူတွေကို လှည့်ကြည့်တော့ သူ့လိုပဲ စာရွက် ကိုင်ပြီး ပစ္စည်းတွေ သွားဝယ်ဖို့ ပြင်နေကြပြီ။
သူလည်း စာရွက် ယူပြီး Mall ထဲ ပြန်သွားဖို့ ပြင်လိုက်သည်။ အခုမှ သင်တန်းဆိုတော့ ဝယ်ရမယ့် ပစ္စည်းတွေက တူနေလောက်ပေမယ့် စကား သိပ်မများချင်တာကြောင့် ကိုယ့်ဘာသာပဲ သွားရှာဝယ်ဖို့ တွေးလိုက်သည်။
YOU ARE READING
Beyond Pain ( Completed )