Xiao ... အိမ်
' မားမား ... ဒီနေ့ အလုပ် မသွားဘူးမလား။'
' မသွားဘူးလေ။ ရိပေါ် နဲ့ သူ့မား ပြန်လာတာကို မားမား အလုပ်သွားလို့ ဘယ်ကောင်းမှာလဲ။'
' ဟုတ်။ ခုနတော့ ဖုန်းဆက်လာတယ်။ လေယာဉ်ပေါ် တက်တော့မယ်တဲ့။'
' ဟုတ်လား။ ဒါဆို မားမား အတွင်းရေးမှုးကို ဖုန်းဆက်ပြီး လူ တစ်ယောက် လွှတ်ခိုင်းလိုက်မယ်။'
' မြန်မြန် ပြော မားမား။ တော်ကြာ ကိုကိုတို့ စောင့်နေရမယ်။'
' အင်းပါ။'
ရှောင်းကျန့် မားမား က ကိုကိုနဲ့ ဝမ်မား ကို လေဆိပ် သွားကြိုရန် လူလွှတ်ဖို့ ဖုန်း သွားဆက်တော့ ခြံထဲမှာ ဆင်းပြီး ကိုကို လမ်းလျှောက်ဖို့ လုပ်ပေးထားတဲ့ နေရာမှာ သွားစောင့်နေဖို့ တွေးလိုက်သည်။
ရှောင်မား ဖုန်းဆက်ပြီး ပြန်လာတော့ ဘေဘီကလည်း မရှိ၊ အခက် နဲ့ ဘွန်းလည်း မရှိတော့တာကြောင့် ခြံထဲ ဆင်းသွားပြီဆိုတာ သိလိုက်သည်။
' ဘေဘီတို့ကတော့ အရမ်း အဖြစ်သည်းနေပြီ။ ဟိုက အမေပါ ခေါ်လာမှာကို မရှက်ဘူးလား မသိ။'
ရှောင်မား ခြံထဲကို လှမ်းကြည့်ပြီး ပြောရင်း ခနနေ အတွင်းရေးမှုး လာပို့မယ့် ဟင်းတွေနဲ့ အချိုပွဲတွေ ပန်းကန်ထဲ အသင့်ထည့်လို့ ရအောင် ထမင်းစားခန်းထဲ သွားပြင်ဆင်နေလိုက်သည်။
~~~~~~
' ကျင်းဟွေ့ နဲ့ ရှင်းမင် (သားသား မီးမီး) တို့ ဖေဖေ ပြန်လာနေပြီတဲ့။ ဖေဖေ ပြန်လာရင် ပါပါး သားသား နဲ့ မီးမီး တို့ရဲ့ နာမည် ပေးထားပြီးပြီ ဆိုတဲ့ အကြောင်း ဖေဖေ့ ကို ပြောပြကြမယ်နော်။'
ရှောင်းကျန့် အရိပ်အောက်ထိုင် နေတုန်း ကိုကို နိုင်ငံခြားကနေ မှာပြီး စိုက်ပေးထားတဲ့ ပန်းလေး ပွင့်နေတာ မြင်သွားတာကြောင့် ပါလာတဲ့ ဖုန်းနဲ့ ရိုက်ယူပြီး stories မှာ တင်ထားလိုက်သည်။
' အ !!!
ဟင် !!! ပါပါး ကို ကန်ပြီး အချက်ပြတာလား။ ဖေဖေ လာတော့မယ်ဆိုလို့ ပျော်နေတာလား ပါပါး သားသား နဲ့ မီးမီးက။'
YOU ARE READING
Beyond Pain ( Completed )