ကိုးရီးယား .... ဆိုးလ်
' ဘေဘီ !!! လာပါအုံး။'
' မားမား ခန သား ရဲ့ ကလေးလေးတွေကို ထမင်းကျွေးနေလို့။'
ရှောင်မား မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ ဘေဘီဆီကို သူပဲ လိုက်သွားလိုက်တယ်။
' ခုနမှ စားထားကြသေးတာ မဟုတ်ဘူးလား။'
' မသိဘူး သား နောက်ပဲ လိုက်နေလို့ ဗိုက်ဆာလို့များလားဆိုပြီး ထပ်ကျွေးလိုက်တာ။'
' ခန ခန ကျွေးတိုင်းလည်း မကောင်းဘူး ဘေဘီရဲ့။ သူတို့ ဗိုက်တွေ အရမ်းတင်းသွားလိမ့်မယ်။'
ရှောင်းကျန့် ဆောင့်ကြောင့် ထိုင်လိုက်ပြီး သူ့အစာခွက်နဲ့ သူ စားနေကြတဲ့ ကြောင်လေး တစ်ကောင် နဲ့ ခွေးလေး တစ်ကောင်ကို ကြည့်ပြီး ခေါင်းလေးတွေ ပွတ်ပေးနေလိုက်တယ်။
မနေ့ကမှ မားမား သူ့အတွက် ဆိုပြီး ဝယ်လာပေးထားတာ။ နာမည်တောင် မပေးရသေးဘူး။
' မားမား သားရဲ့ ကလေးလေးတွေကို ဘာနာမည် ပေးရမလဲ။'
' ဘေဘီ ကြိုက်တာ ပေးလေ။'
' သား စဉ်းစားလို့ မရလို့ပေါ့ မားမားကလဲ...'
' ဒါဆို အချိန်ယူပြီး စဉ်းစားပေါ့ ဘေဘီရဲ့... ပြီးရင် လက်ဆေးပြီး မားမား ဆီ လာအုံး။ မားမား ပြောစရာ ရှိတယ်။'
' ဟုတ် !!!!.'
အစာတွေ စားလို့ ဝ သွားတာနဲ့ သူ့ကို ထားပြီး ထွက်သွားတော့တဲ့ ကြောင်လေး နဲ့ ခွေးလေး ကြောင့် ရှောင်းကျန့် အစာခွက်တွေကို ဘေစင်ထဲ ထည့်ထားလိုက်ပြီး လက်ဆေးပြီး ထွက်လာလိုက်တယ်။
' မားမား ... ဘာပြောစရာ ရှိတာလဲ ...'
' လာ ... မားမား နား လာ။'
ရှောင်မား သူ့ အနား တိုးလာထိုင်တဲ့ ဘေဘီရဲ့ လက်လေးကို ဆုပ်ကိုင်လိုက်ပြီး ....
' တကယ်လို့ ဘေဘီ မှာ ကလေးလေး ရှိလာမယ်ဆို ဘေဘီ လက်ခံမှာလား။'
' သားက ဘယ်လိုလုပ် ကလေးလေး ရှိမှာလဲ။ သားက ယောကျာ်းလေးလေ ပြီးတော့ သားမှ ချစ်သူ ရည်းစားလည်း မရှိပါဘူး။'
' အခု ဘေဘီရဲ့ ဗိုက်ထဲမှာ ကလေးလေး ရှိနေပြီ။'
' ဗျာ !!!!!. ဘယ်လို ... ဘယ်လိုလုပ် ရှိမှာလဲ။ သား ဘာမှ မှ မဖြစ်ခဲ့တာ။'
YOU ARE READING
Beyond Pain ( Completed )