Ep - 12

4.4K 285 14
                                    

"ရှန်းထဲန်..." ဆေးရုံ တစ်ခုရဲ့ VIP ခန်းထဲတွင် ....

' ရိဖုန်း သား .... ဘေဘီ ဘာဖြစ်တာလဲ။'

ရိဖုန်း သူတို့ ဆေးရုံရောက်လို့ စစ်ဆေးလိုက်တော့ ရှောင်းမှာ ကိုယ်ဝန် ရှိနေပြီလို့ သိလိုက်ရပြီး သူ တစ်ယောက်တည်း ဘာလုပ်ရမှန်း မသိတာကြောင့် ကိုးရီးယားက ရှောင်းရဲ့ မားကို ဖုန်းဆက်ခေါ်လိုက်တာ ဖြစ်သည်။

' ဟိုလေ ... မား ။'

' ဘေဘီ ဘာဖြစ်တာလဲ။ ကု မရတဲ့ ရောဂါတစ်ခုခု ဖြစ်နေလို့လား။'

ရှောင်မား ပြောရခက်နေပုံ ရတဲ့ ရိဖုန်းကို ကြည့်ပြီး ခုထိ သတိမရလာသေးတဲ့ ဘေဘီရဲ့ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

' ဟို .... ရှောင်း မှာ ကိုယ်ဝန် ရှိနေပြီလို့ ပြောတယ်။'

' ဘယ်လို !!!!!!.'

' ဟုတ်တယ် မား။ သား သူ့ကို ဆေးရုံ ခေါ်လာပြီး ချက်ချင်း စစ်ဆေးခိုင်းတာ။ အဲ့ဒါ .... ဆရာဝန်က OG ဆရာဝန်ကိုပါ ခေါ်လာပြီး အတည်ပြုသွားတာပါ။'

' ဒါဆို ... မားရဲ့ ဆန္ဒက ဖြစ်လာခဲ့ပြီပေါ့။'

' ဗျာ !!!!.'

ရိဖုန်း ရှောင်မား ရဲ့ စကားကြောင့် ကြောင်သွားရတယ်။ အခု ရှောင်မားက သူ့သား တစ်ယောက်လုံး ကိုယ်ဝန် ရှိနေတာကို ပျော်နေတာလား။

ရှောင်မား သူ ဆုပ်ကိုင်ထားတဲ့ ဘေဘီရဲ့ လက်ကို တစ်ချက် နမ်းလိုက်ပြီး ....

' ဟုတ်တယ်။ မားရဲ့ ဘေဘီ သူ့ကိုယ်သူ ဘာကြိုက်တယ်ဆိုတာ မားကို ထုတ်ပြောလိုက်ကတည်းက မား ဆုတောင်းပြည့်တယ် ဆိုတဲ့ ကိုးရီးယားက နတ်စင်တွေ ရှိတဲ့ နေရာတိုင်း နေ့တိုင်း ဆုတောင်းနေတာ။ မားရဲ့ဘေဘီ က သဘာဝကို လွန်ဆန်နေတဲ့ အတွက် အဆုံးထိ သဘာဝ မဆန်တဲ့ ဆု ကို မား တောင်းခဲ့တာ။'

' ဒါဆို မား လက်ခံပေးနိုင်တယ်ပေါ့။'

' ဒါပေါ့။ အခုတောင် မားရဲ့ မြေး ဖြစ်လာမယ့် ဂျူနီယာ ဘေဘီလေးကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး။'

' ဒါပေမယ့် ရှောင်းက သူ့ကိုယ်သူ လက်ခံနိုင်ပါ့မလား။ သူ ယောကျာ်းလေးပဲ သဘောကျတယ်ဆိုပေမယ့် ဒီအခြေနေထိတော့ သူ တွေးထားမယ် မထင်ဘူး။'

Beyond Pain  ( Completed )Where stories live. Discover now