Seoul Hospital !!!!!
' ကောင်လေး ... ဘယ်လိုလဲ ကြောက်နေလား။'
' အခုတော့ မကြောက်သေးဘူး။ ခွဲခန်းထဲ ရောက်ရင်တော့ မပြောတတ်ဘူး။'
' အဟင်း ... အဲ့ဒါကြောင့် ကျဲ က ကောင်လေး ကို ဆေးရုံကို ကြိုပြီး လာတက်ခိုင်းတာ။ ကြောက်တာကတော့ လူနာတိုင်း ဖြစ်တတ်ပါတယ်။ ပြီးတော့ ကောင်လေးက ခုမှ ပထမဆုံး အကြိမ်ဆိုတော့ ကြောက်တာက မဆန်းပါဘူး။'
' ကျဲ အဲ့နေ့ ခွဲခန်းထဲ ကိုကို တကယ် လိုက်လို့ ရတယ်မလား။'
' ရတာပေါ့။ ကျဲ ခွဲပေးမှာပါဆို ကျဲ ပြီးရင် အကုန် ပြီးတယ်။'
' ဟုတ်။'
' ဒါဆို ဒီနေ့ နဲ့ မနက်ဖြန်ထိတော့ စားချင်တာ အကုန် စားထားလို့ ရတယ်နော်။ မွေးရက် ရောက်ရင်တော့ မခွဲမီ ၄ နာရီအတွင်းမှာ ဘာမှ စားလို့ မရတော့ဘူး။'
' ဟုတ်။ အခုလည်း ကျနော် စားဖို့ ကိုကို့ကို သွားဝယ်ခိုင်းထားတယ်။'
' ကောင်လေး မားမား ရော ...'
' မားမား နဲ့ ဝမ်မား အပြင် ခန ထွက်သွားတယ်။ ပစ္စည်းတွေ ဝယ်ဖို့လို့ ပြောတယ်။'
ပစ္စည်းတွေ ဝယ်ဖို့ ဆိုလို့ လန်ဟွား ကောင်လေး ဆေးရုံ လာတက်တဲ့ အခန်းကို ကြည့်လိုက်တယ်။ ဆေးရုံခန်းလား ကိုယ်ပိုင် ကွန်ဒို ခန်းလားတောင် မှားနိုင်တဲ့ အပြင်အဆင်တွေနဲ့ မွေ့ရာတောင် ဝမ်ရိပေါ်က ဆယ်ချီ ပေးပြီး ဝယ်ဆင်ထားတာ။ အခန်းဆိုလည်း ဆေးရုံနံ့ကို မရပဲ မွေးခါနီးမှ ကောင်လေး ချဉ်ခြင်းတက်တဲ့ ပန်းသီးစိမ်း နံ့လေး ရနေတယ်။ ကလေးမွေးလာရင် ဆေးရုံမှာ အနည်းဆုံး ၅ ရက်လောက် နေရမှာ ဖြစ်တာကြောင့် အနှီးတွေဆိုလည်း ခြင်း နှစ်ခြင်းကို နှစ်ခုလုံး အပြည့်။ နို့ ကလည်း ကောင်လေးက တိုက်လို့ မရတာကြောင့် မွေးကင်း စ ကလေးတွေ တိုက်လို့ ရတဲ့ နို့မှုန့်ဗူးတွေဆို တန်းစီလို့။
လန်ဟွား သူ ကြည့်လိုက်တော့ ကလေး မွေးရင် လိုအပ်တဲ့ ပစ္စည်းတွေက အကုန်လုံး ပြည့်စုံနေပြီ ဖြစ်ပြီး ဘာမှတောင် မလိုတော့ပါ။ ကောင်လေး ပြောတဲ့ သူ့ မားမား တို့ ပစ္စည်း သွားဝယ်တယ်ဆိုတာ ဘာတွေများ ထပ်ဖြည့်အုံးမှာလဲ။
YOU ARE READING
Beyond Pain ( Completed )