' ရိပေါ် ... ရပြီ။ ဘယ်မှာ စားမလဲ။'
ရှောင်းကျန့် သူ ချက်ပြီး ဧည့်ခန်းမှာ ရိပေါ်ကို ဘယ်မှာ စားမလဲ သွားမေးတော့ ခုန သူ ချပေးခဲ့တဲ့ ဘီယာဗူးတွေက ၃ ဗူးစလုံး ရှုံ့တွပြီး စားပွဲပေါ် နေရာယူနေပြီကို တွေ့လိုက်ရတယ်။
' ကိုယ့်ကို ဒီကိုပဲ ယူလာပေးလို့ ရလား။'
' အင်း။ ရပါတယ်။'
ရှောင်းကျန့် ဘီယာလေး ၃ ဗူးနဲ့တင် အာလေး လျှာလေးသံနဲ့ ပြောလာတဲ့ ရိပေါ်ကြောင့် သူ တိုက်လိုက်တဲ့ ဘီယာဗူးတွေကများ စျေးပေါ နေသလားလို့ မဆီမဆိုင် တွေးမိလိုက်သေးတယ်။
ရိပေါ် သူ့ရှေ့မှာ ရောက်လာတဲ့ ခရုဆန်ပြုတ် ပန်းကန်က အနံ့ကြောင့် အခုမှ ဗိုက်က ဆာလာသလို။
' ဘယ်လိုလဲ ... စားလို့ ဖြစ်ရဲ့လား။'
ရှောင်းကျန့် သူ ချပေးလိုက်တဲ့ ဆန်ပြုတ်ကို ရိပေါ်က တစ်ဇွန်း ခပ်စားကြည့်လိုက်တော့ မျှော်လင့်ချက်ကြီးစွာ မေးလိုက်သည်။
' တကယ် ကောင်းတာပဲ။ ဒါပေမယ့် တစ်ခု လိုနေတယ်။'
' ဟင် !!!!!.'
' နံနံပင် !!! အပေါ်မှာ နံနံပင် ဖြူးလိုက်ရင် လုံးဝ ပါဖက်ပဲ။'
' ရိပေါ်က နံနံပင် ကြိုက်တာလား။ တစ်ချို့ကျ နံနံပင် မစားတော့ ကျနော်လည်း မထည့်ပေးလိုက်တာ။'
' အင်း ကိုယ် နံနံပင် အရမ်းကြိုက်တယ်။'
' ဒါဆို အိမ်ပြန်ရင် ယူသွားမလား။ မနက်ကျ ပြန်နွေးစားလို့ ရတယ်။'
' ဂလောက် ....'
ရိပေါ် ရှောင်းကျန့် ရဲ့ စကားကြောင့် လက်ထဲက ကြွေဇွန်းကို အသံမြည်အောင်ချပစ်ရင်း မျက်နှာကိုလည်း အိမ်ခြေရာမဲ့ လူတွေလို ဖမ်းပစ်လိုက်သည်။
' ကိုယ် ... မင်း အိမ်ကို လာတာ မင်း စိတ်အနှောင့်ယှက်များ ဖြစ်သွားပြီလား။'
' ဟို ... အဲ့လို မဟုတ်ပါဘူး။ ကျနော်က ဒီတိုင်း ဘာစိတ်မှ မဟုတ်ပဲ သဘောရိုးနဲ့ ပြောလိုက်တာပါ။ ရိပေါ်ကို နှင်ထုတ်တာ မဟုတ်ပါဘူး။'
ရှောင်းကျန့် ဝမ်းနည်းတဲ့ အသံနဲ့ ပြောလာတဲ့ ရိပေါ်ကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး အလောတကြီး ပြန်ဖြေရှင်းလိုက်သည်။
YOU ARE READING
Beyond Pain ( Completed )