လွန်ခဲ့သော ၃ လ ခန့်က .......
ရှောင်းကျန့် တစ်ယောက် ပထမဆုံး လေယာဉ် စီးဖူးတာ ဖြစ်တာကြောင့် First Class ကို လက်မှတ်ဖြတ်ထားလို့ တော်တော့သည်။ မဟုတ်ရင် သူ လေယာဉ် မစီးဖူးတာနဲ့ လူအများ နဲ့ အရှက်ကွဲမှာ အသေချာပဲ။
ရှောင်းကျန့် သူ့လက်မှတ် နံပတ်က ပြတင်းပေါက်ဘက်နား ဖြစ်တာကြောင့် ကျောပေါ်က လွယ်အိတ်ကို ဖြုတ်ပြီး ရင်ခွင်ပိုက်လိုက်ပြီး ဘေးက လူ မရှိသေးတဲ့ ခုံကို ကျော်ဝင်သွားလိုက်တယ်။
သူ့လိုပဲ တဖြေးဖြေး လူတွေ သူ့နေရာ နဲ့ သူ ဝင်လာနေပြီ ဖြစ်တာကြောင့် ဆောင်းထားတဲ့ ဦးထုပ်ကို မျက်နှာမမြင်ရအောင် ဆွဲချလိုက်ပြီး နားမှာလဲ နားကျပ်တပ်ပြီး အိပ်နေလိုက်တော့သည်။
' အာ !!!!!.'
' ဟင် !!!!.'
ရှောင်းကျန့် လေယာဉ် အတက်မှာ ဘာမှမဖြစ်သေးပဲ လေယာဉ်က အပေါ် ထောင်တက်သွားပြီး သူ့ လမ်းကြောင်း ရောက်လို့ ပြန်နိမ့်ချလိုက်တဲ့ အချိန်မှာ ရင်ထဲ တခုခု ပြုတ်ကျသွားသလို ခံစားမိတာကြောင့် လက်က အလိုလို သူ့ဘေးက လက်တင်တဲ့ နေရာကို တင်းတင်းကြပ်ကြပ် ဖိဆုပ်လိုက်တာ ဖြစ်သည်။
ဒါပေမယ့် သူ ဖိဆုပ်လိုက်တာက ခပ်မာမာ အရာ မဟုတ်ပဲ နူးညံ့တဲ့ အရာ ဖြစ်နေတာကြောင့် ဦးထုပ်ကို အပေါ်ဆွဲပြီး မျက်လုံး ဖွင့်ကြည့်တော့မှ သူ့ဘေးက လူရဲ့ လက်ကို ဆုပ်ကိုင်မိထားတာ ဖြစ်မှန်း သိလိုက်ရသည်။
' ဟို ... ဆောရီး ကျနော် ခုမှ လေယာဉ် ပထမဆုံး စီးဖူးတာမို့လို့ပါ။'
ရှေင်းကျန့် သူ မြင်လိုက်ရတဲ့ လူက ငေးကြည့်ချင်နေအောင် ချောလွန်းတာမို့ ကြောင်ငေးနေစဉ် ဟိုလူက သူ့လက်ကို ရုန်းလိုက်တော့မှ ကယောင်ကတမ်းတွေ လျှောက်ပြောနေမိတော့တယ်။
ရှောင်းကျန့် သူ့ကို တစ်ချက်ပဲ ကြည့်ပြီး ဘာမှမပြောလာတဲ့ လူကြောင့် တရုတ်လိုများ နားမလည်တာလားလို့ အတွေးဝင်သွားရတယ်။ သူလည်း ကိုးရီးယားလို ပြောတတ်ပေမယ့် အခုလေယာဉ်က တရုတ်ကို သွားတာမို့ သေချာပေါက် တရုတ်လူမျိုးပဲလို့ ထင်ပြီး တရုတ်လိုပဲ ပြောလိုက်တာ ဖြစ်သည်။
YOU ARE READING
Beyond Pain ( Completed )