Ep - 21

3.2K 160 16
                                    

Xiao အိမ်တွင် ....

' သားတို့က လာမယ်လဲ ကြိုမပြောဘူး။ မဟုတ်ရင် မား လူလွှတ်ပြီး သွားစောင့်ခိုင်းမှာပေါ့။'

' ရပါတယ် မား။ ကျနော် တို့လည်း အစီစဉ် မရှိပဲ လာလိုက်ကြတာမို့လို့ ဖုန်း ကြိုမဆက်ဖြစ်လိုက်တော့တာ။

ဟို ... ပြီးတော့ ကျနော် တို့က တရားရုံးမှာ နှစ်ဦးသဘောတူ လက်မှတ်ထိုးပြီး အခု ကိုးရီးယားကို ထွက်လာကြတာပါ။'

' အို ... ဘယ်လိုဖြစ်တာလဲ။ ဒါဆို သားတို့ နှစ်ဖက် မိဘတွေက မသိကြသေးဘူးပေါ့။'

' ကျနော်တို့ ကြိုက်နေတာတော့ သိကြပါတယ်။ ခုလို လက်ထပ်လိုက်တာတော့ မသိကြသေးဘူး။'

' ဒါဆို သား ကျင်းပေါင် ကရော သင်တန်းက ပြီးပြီလား။ ခန အလည်ပြန်လာတာလား။'

' ပြီးပြီ မား။ အဲ့ဒါကြောင့် ဟိုတစ်ခါ ရှောင်း ဆေးရုံ တက်ရတော့ မလာဖြစ်တာ သင်တန်း အပြတ်ဖြတ်နေရလို့။'

' ဟုတ်ပါပြီ။ သားတို့ လက်ထပ်ပြီးသွားတာ ဘေဘီ သိပြီလား။ ကြည့်ရတာ မသိသေးဘူးထင်တယ်။ အဲ့ဒါကြောင့် သူ ငြိမ်နေတာ။'

' ဟုတ်ကဲ့ သူ့ကို မပြောရသေးဘူး။ မနက်ဖြန်မှ ပြောပြမလို့ပါ။'

' အင်း အင်း။ လက်ထပ်တယ် ဆိုတာ နှစ်ယောက် တစ်ဘဝ ဖြစ်အောင် ပေါင်းစည်းလိုက်တာပဲ။ သားတို့ အခု တစ်ယောက်နဲ့ တစ်ယောက် ပိုင်သွားကြပြီဆိုတော့ ဘာဖြစ်ဖြစ် တိုင်ပင်ကြ၊ စိတ်ထဲမှာ သိမ်းမထားနဲ့။ မဟုတ်လို့ ခံစားနေရတာကို မပြောပဲ နည်းနည်းချင်း သိမ်းထားရင် အစိုင်အခဲ တစ်ခု ဖြစ်လာပြီး အိမ်ထောင်ရေးကို ထိခိုက်စေနိုင်တယ်။ ဘာပဲဖြစ်ဖြစ် တစ်ယောက် နဲ့ တစ်ယောက် ပွင့်ပွင့် လင်းလင်း နေကြ။ ဟုတ်ပြီလား။'

' ဟုတ်ကဲ့ပါ မား။' x 2

' ဒါဆို သားတို့ အခု ရေ အရင်ချိုးကြမလား။ ညစာ အရင်စားချင်လည်း သဘော။'

' ရေ အရင်ချိုးလိုက်မယ် မား။ တစ်မနက်လုံး ဟိုသွား ဒီသွားနဲ့မို့ လူက မလန်းတော့ဘူး။'

' အေး အေး။ ဒါဆို ရေ သွားချိုးကြ။ ဘေဘီ အခန်း သွားပြင်ပေးနေတာ ထင်တယ်။ သားတို့ အပေါ် တက်သွားလိုက်ကြ။'

Beyond Pain  ( Completed )Where stories live. Discover now