' ဒေါက် !!!!!.'
' အီး ... ဟီး ... ဟီး ... ပါ့ပါ ... ပါ့ပါ
အီး ... ဟီး ... ဟီး ...'
' ကိုကို သွားကြည့်အုံး။ ကိုကို့ သမီး သားသား ကို ငိုအောင် လုပ်ပြန်ပြီ ထင်တယ်။'
' ချာတိတ် သွားလေ။ ဒီမှာ ကိုယ် ဒီဇိုင်း ဆွဲလက်စ တန်းလန်းကြီး အပြီးသတ် တော့မှာမို့ မ ထ ချင်တော့ဘူး။'
' ပါ့ပါ ... ဒဲဒဲ တားတား ကို လုပ်နေတယ်။'
ရှင်းအာ သူ ခေါင်းလေး ခေါက်မိရုံနဲ့ ငိုပြီး ပါ့ပါ ကို တိုင်နေတဲ့ သူ့တိတိလေးကြောင့် နှာခေါင်းလေး ရှုံ့လိုက်သည်။
' ဒဲဒဲ တို့ ဆော့တာလေ ... နည်းနည်းလေး ထိ မိတာနဲ့ တိတိ ငိုနေရင် ဒဲဒဲ မဆော့ပေးတော့ဘူး။'
' တားတား နာတယ်လေ။ ဒဲဒဲ တားတား ခေါင်းကို ခေါက်နေတာ။'
' ဆော့တာပါဆို ...'
ရှောင်းကျန့် ရေချိုးမလို့ ရေချိုးခန်းထဲ ဝင်သွားရုံ ရှိသေး အသံ မျိုးစုံ ထွက်နေကြတဲ့ ကလေးတွေကြောင့် ပြန်ထွက်လာတော့ သူတို့ အိပ်ခန်း အပြင်က အခန်းရဲ့ ကြမ်းပြင်မှာ ခင်းပေးထားတဲ့ အမွှေးပွ နုနု ပေါ်မှာ သားသား က မျက်ရည်စီးကြောင်း နှစ်ကြောင်း နဲ့ မီးမီးက ငယ်ငယ်က အာပြဲငိုလာတဲ့ အတိုင်း အခုလည်း ဆရာမကြီး ပုံစံနဲ့ သူ့တိတိ ရဲ့ နဖူးကို တို့တို့ပြီး ပြောဆိုနေတယ်။
' မီးမီး တိတိ ကို အဲ့လို မလုပ်ရဘူးလေ။ ပါပါး ဘာပြောထားလဲ။ မီးမီးက အကြီးမို့ တိတိလေးကို ဂရုစိုက်ပြီး ညှာရမယ်လို့ ပြောထားတယ်မလား။ အခု ဘာဖြစ်ကြတာလဲ။'
ရှောင်းကျန့် သူ အနားမှာ ထိုင်ချလိုက်တာနဲ့ ငယ်ငယ်ကအတိုင်း သူ့ကို ပိုကပ်တဲ့ သားသားက အခု ၃ နှစ်ခွဲ အရွယ်မှာလည်း သူ့ရဲ့ ပေါင်ပေါ်မှာ ကုပ်ကပ်တက်နေတုန်းပါပဲ။
' ဒဲဒဲ တားတား ခေါင်းကို ခေါက်တယ်။ ပြီးတော့ တားတား စက်ရုပ်ကို လာလုနေတာ။'
ကလေး နှစ်ယောက်က ကျန်တဲ့ စကားတွေကျ ပီပြီး သူတို့ အချင်းချင်း ခေါ်တာကျ ငယ်ငယ်က အတိုင်းပဲ အသံထွက်ကြတယ်။ ပြီးတော့ သူ့ကို ပါပါး လို့ ခေါ်ခိုင်းတာကိုလည်း စကား စ ပြောတတ်ကတည်းက ခေါ်တဲ့ ပါ့ပါ ဆိုတာပဲ ဆက်ခေါ်နေကြတုန်း။
YOU ARE READING
Beyond Pain ( Completed )