နောက်တစ်နေ့ မနက် ရောက်သော် ....
' ဒုတ် !!!!!.
ဟင် !!!!.'
ရိပေါ် ကားကူရှင်မှာ မီရင်း ခေါင်းက ပြုတ်ကျပြီး တစ်ဘက်က ထိုင်ခုံရဲ့ နောက်မီအစွန်း နဲ့ သွားတိုက်မိမှ မျက်လုံးတွေ ပွင့်လာရသည်။
' ငါ ... တစ်ညလုံး ဒီတိုင်းကြီး စောင့်ရင်းနဲ့ အိပ်ပျော်သွားတာလား။'
ရိပေါ် ဇက်တွေ ချိုးလိုက်ရင်း လက်က နာရီကို ကြည့်လိုက်တော့ မနက် ၇ နာရီ ရှိပြီ။
' ကျန့် က အိမ်ပြန်မအိပ်ဘူးလား။ ဘယ်သွား အိပ်နေတာလဲ။'
ရိပေါ် အခု သူ့ရဲ့ ဒီပုံစံကြီးနဲ့ ချာတိတ်ဆီ မသွားချင်တာကြောင့် အိမ်ပြန်ပြီးမှပဲ သွားဖို့ တွေးလိုက်သည်။ ဒီနေ့တော့ ချာတိတ်နဲ့ ရအောင် စကားပြောမယ်။
~~~~~~~~
ရိပေါ် သူ အိမ်ပြန်ရောက်တော့ အိမ်ထဲမှာ ဘယ်သူမှ မတွေ့တာကြောင့် အခန်း ဆီကို အမြန်တက်ပြီး ပြင်ဆင်ပြီး ပြန်ထွက်ရဖို့ပဲ အာရုံရောက်နေတယ်။
' ဝမ်ရိပေါ် !!!!!.'
' ဟင် !!!! မား ...'
' လာအုံး။ လာပါအုံး။'
ရိပေါ် သူ အခန်းထဲ ဝင်ခါနီးမှ မား က ဘုရားခန်းဘက်ကနေ ထွက်လာပြီး ခေါ်လိုက်တာကြောင့် ဖွင့်နေပြီ ဖြစ်တဲ့ အခန်းတံခါးကို ပြန်ဆွဲပိတ်ပြီး မား ဆီ သွားလိုက်ရသည်။
' မနေ့က သမီး အန်ချန် နဲ့ ထမင်း အတူစားပြီး အိမ်ကနေ ထွက်သွားကြတာ အကောင်းလေ။ အခုက ဘယ်လိုဖြစ်လို့ သူ့ဘက်က စေ့စပ်ဖို့ ဖျက်သိမ်းချင်တယ် ပြောလာရတာလဲ။'
' သား မသိဘူးလေ။ သူ သားကို သဘောမကျတာ ဖြစ်လာတာ နေမှာပေါ့။ ပြီးတော့ အစကတည်းက သား တို့ ချင်း ချစ်နေလို့ စေ့စပ်ကြတာ မဟုတ်ဘူးလေ။'
' အဲ့ဒါများ ဘာလို့ လူကြီးတွေက စေ့စပ်ဖို့ ပြောတုန်းက ဘာမှမပြောပဲ လက်ခံကြတာလဲ။ မင်းတို့ လူကြီးကို ဟာသ လုပ်စရာများ ထင်နေတာလား။'
' အခု သူ့ဘက်က ဖျက်သိမ်းမယ် ပြောပြီးပြီလေ။ ပြီးတော့ သားမှာ တကယ် လက်ထပ်ချင်တဲ့ လူ တွေ့ထားပြီးပြီ။'
YOU ARE READING
Beyond Pain ( Completed )