' သွားရမလား၊ မသွားရဘူးလား။'
ရှောင်းကျန့် ဆိုင်က ပြန်လာပြီး ရေချိုး ပြင်ဆင်ပြီးမှ သွားရမလား၊ မသွားရဘူးလား တွေဝေ နေတယ်။
သွားမယ် လို့ လုပ်ပြန်တော့လည်း နေ့လည်က ရိဖုန်း ပြောတဲ့ ကောကော နဲ့ အမျိုးတစ်ယောက်ကို တွေ့ခဲ့တယ် ဆိုတဲ့ စကားကို ပြန်ကြားယောင်လာတယ်။
ကောကော တကယ် အိမ်ထောင်ဖက် သွားတွေ့တာလား။
ရှောင်းကျန့် ကောကောသာ အဲ့မိန်းကလေးကို သဘောကျသွားခဲ့ရင် ဆိုပြီး အတွေးဝင်လာတော့ ကုတင်ပေါ် အရုပ်ကျိုးပျက် ထိုင်ချလိုက်တယ်။
ဒါပေမယ့် ကောကောလည်း သူ့ကို နည်းနည်းတော့ သဘောကျနေတယ်ဆိုတာ ကောကောရဲ့ အပြုမူတွေက ပြနေတာပဲ။
ရှောင်းကျန့် သူသာ အခုနေ ကောကော ကို သွားမတွေ့ရင် ကောကော ကို ပိုင်ဆိုင်ရဖို့ ပိုဝေးတော့မှာဆိုတာ သိလိုက်တာကြောင့် ကောကော ရှိနေမယ့် ဘား ကို သွားဖို့ ထွက်လာလိုက်သည်။
~~~~~~~
ရိပေါ် သူ့လက်က နာရီကို ကြည့်လိုက်ရင်း လက်ထဲက အရက်ခွက်ကို လှုပ်နေလိုက်တယ်။
' Boss !!!!.'
' လာပြီလား။'
' ဟုတ်ကဲ့။ အရှေ့မှာ ရောက်ပြီ။'
' အိုခေ .... ဒါဆို ငါ ပြောထားတဲ့ အခန်းကို ခေါ်လာလိုက်။'
ရိပေါ် သူ ခိုင်းထားတဲ့ လူ ပြန်ထွက်သွားတာနဲ့ သူလည်း ထွက်လာလိုက်သည်။
ရှောင်းကျန့် ဒီတစ်ခါတော့ ကောကော က ပြောထားတာဖြစ်မယ် ဘား ရှေ့မှာ စောင့်နေတဲ့ လူက သူ့ကို ကောင်းကောင်း မွန်မွန်ပဲ ပြောပြီး သူ့နောက်က လိုက်ခဲ့ဖို့ ပြောတာကြောင့် ရှောင်းကျန့် သူလည်း အဲ့ဒီလူနောက်ကို လိုက်သွားလိုက်သည်။
ဟင် !!!!! ဒါက ဘယ်ကို သွားတာလဲ။ ကောကော က ဘားထဲမှာ မဟုတ်ဘူးလား။
ရှောင်းကျန့် ဟိုလူနောက် လိုက်သွားရင်း ဟိုတစ်ခါ သူ ကောကော နဲ့ တွေ့ခဲ့တဲ့ ဘား ရဲ့ အပေါ်ထပ် မဟုတ်တာ သိလိုက်သည်။
' ရောက်ပြီ။ Boss အခန်းထဲမှာ စောင့်နေမယ်။ ဝင် သွားလိုက်ပါ။'
' ဟို ....'
YOU ARE READING
Beyond Pain ( Completed )