DX Company !!!!!
' ဟေ့ နင်တို့ မြင်ပြီးပြီလား။'
' ဘာကိုလဲ အရင်း မရှိ အဖျား မရှိနဲ့။'
' အေးလေ။ နင့်ရုပ်က ဘာဖြစ်နေတာလဲ။'
' ဘာဖြစ်ရမှာလဲ။ Company ကို မလာဖူးတဲ့ ငါတို့ MD ရဲ့ သားက ဒီနေ့ သူ့အမျိုးသား နဲ့ တွဲပြီး Company လာတာလေ။'
' အဲ့ဒါ ထူးဆန်းလို့လား။ ငါတို့က အရင်ကတည်းက MD ရဲ့ သားကို မြင်ဖူးပြီးသား။ နင်က နောက်မှ ဝင်လာလို့သာ မသိတာ။'
' အေးလေဟယ် ... ဘာများ ပြောမလို့လဲလို့။ အဲ့ဒါ ပြောမယ်ဆို တစ်ရုံးလုံး သိတယ်။ MD ရဲ့သားက ယောကျာ်းလေး ယူထားတယ်ဆိုတာ။'
' နင်တို့က သိပြီသားလား။ အဟင်းးးး ငါက ငါ့လိုပဲ ခုမှ သိကြမယ်ထင်လို့ လာပြောတာ။'
' သိတယ်။ အဲ့ပဲ ပြောစရာ ရှိနေတယ်ဆို ကိုယ့်နေရာကို ပြန်သွားပြီး အလုပ် လုပ်တော့။'
အန်ချန် သူက ဒီနေ့မှ လာတာ ဖြစ်တာကြောင့် အတွင်းရေးမှူးကလည်း MD ဘယ်နေရာ နေခိုင်းမလဲ မသိသေးဘူး ခန စောင့်နေပါဆိုပြီး ထိုင်စောင့်နေတာ။ သူ ထိုင်နေတဲ့ နားမှာ ရုံးက ကောင်မလေးတွေ စကား ပြောနေတာတွေကို တစ်စွန်း တစ်စ ကြားလိုက်ရသည်။
* ဒါဆို Company ပိုင်ရှင်ရဲ့ သားကလည်း လိင်တူ ကြိုက်နေတာပေါ့။*
' ညီမ ဝင်လို့ ရပြီနော်။ MD ရောက်ပြီ။'
အန်ချန် သူ့ကို အတွင်းရေးမှုး လာခေါ်နေပြီ ဖြစ်တာကြောင့် သူ့ အတွေးကို ဖြတ်လိုက်ပြီး အတွင်းရေးမှုးနဲ့ အတူ Lift ထဲ လိုက်ဝင်သွားလိုက်သည်။
~~~~~~
' ကိုကို ... ကိုကို့ အလုပ် စားပွဲက ဘယ်နားမှာလဲ။'
ရှောင်မား ဒီနေ့ သား ရိပေါ်ကို ဒီဇိုင်းနာ အသစ်တစ်ယောက်နဲ့ အလုပ် တွဲလုပ်ခိုင်းမယ် ပြောကတည်းက အိမ်မှာ ရစ် တာကို မပြီးပဲ အလုပ်ထိပါ လိုက်လာတဲ့ ဘေဘီ က အခုလည်း ရိပေါ် အနားမှာ ကပ်နေတယ်။
ပြီးတော့ ဆရာကြီး အထာနဲ့ ရုံးခန်း တစ်ခုလုံး မျက်လုံး ဝေ့ကြည့်ပြီး သူ့ ယောကျာ်း အလုပ် စားပွဲကို ရှာနေပြန်တယ်။
YOU ARE READING
Beyond Pain ( Completed )