Ep - 11

4.6K 303 12
                                    

Summer Night Cafe .........

လီမင် နဲ့ ထန်းမူ ဝမ်ရိပေါ်ရဲ့ စပ်ဖြီးဖြီးနဲ့ ကျေနပ်နေတဲ့ မျက်နှာကိုပဲ ကြည့်ပြီး သောက်လက်စ ကိုပဲ ဆက်သောက်ရမလား၊ ဒါမှ မဟုတ် အတင်းကြပ် ဆွဲခေါ်ခံလာရလို့ စူပုပ်နေတဲ့ ဆိုင်ပိုင်ရှင်ကို အားနာပြီး ထ ပြန်ရမလား ဆိုတာ နှစ်ယောက်လုံးရဲ့ အတွေးမှာ ရှိနေကြတယ်။

အပြင်မှာ စကားသွားပြောကြတာ ဝမ်ရိပေါ်က နှုတ်ခမ်းပေါက်လာစရာ လိုလို့လား။ ဒီကောင် မတွေ့ရတာ ကြာလို့ ဆိုပြီး မဖွယ်မရာတွေတော့ မလုပ်ခဲ့လောက်ဘူး မလား။

' ရိပေါ် ... မင်း ငါတို့နဲ့ လိုက်တော့ ပြန်မယ်မလား။'

' ကျန့် !!! ကိုယ်နဲ့ လိုက်ခဲ့မလား။ ကိုယ်တို့ရဲ့ အိမ် အသစ်ကို ပြမယ်။'

' မလိုက်ဘူး။'

ရိပေါ် စူပုပ်ပုပ်လေး ဖြစ်နေတဲ့ ချာတိတ်ကို ကြည့်လိုက်ပြီး လူယုတ်မာပြုံး ပြုံးလိုက်တယ်။

' ဟျောင့်တွေ ကြားတယ်နော်။ သူ မလိုက်ဘူးတဲ့။ ငါလည်း ဒီမှာပဲ နေတော့မယ်။'

' နေစရာ မရှိဘူး။ Toilet တော့ အားတယ်။'

' ဟက် !!!! ကျန့် ပါ နေနိုင်ရင် ကိုယ်က ဘယ်မှာဖြစ်ဖြစ်နေတတ်တယ်။ ကြပ်လေ ကောင်းလေပဲ။ အဟွန်းးးး ...'

လီမင် နဲ ထန်းမူ ကယ်တင်လို့ မရတော့တဲ့ သူတို့ သူငယ်ချင်းကို ကြည့်ပြီး ထ ပြန်လိုက်ဖို့ပဲ ပြင်လိုက်ကြတော့တယ်။ ကြာရင် ဆိုင်ပိုင်ရှင်က ကန်ထုတ်တဲ့ အထဲ သူတို့ပါ ပါနိုင်တယ်။

' ဒါဆို ငါတို့ ပြန်ပြီ။'

'အင်း။'

ရိပေါ် ဟိုနှစ်ကောင်ကို ကျန့် ရဲ့ မျက်နှာ ကြည့်ပြီးတော့ပဲ ဖြေလိုက်တယ်။

' အ !!! ကျန့် ဘာလို့ အကြီးကို လာကန်နေတာလဲ။ ငရဲကြီးမယ်နော်။'

ရှောင်းကျန့် သူ့ကို မေးထောက်ပြီး စိုက်ကြည့်တဲ့ ရိပေါ်ကြောင့် စားပွဲခုံအောက်က ခြေထောက်ကို ကန်လိုက်တာ ဖြစ်သည်။

သူ ကန်လိုက်လို့ ခုံအောက်ကို ကိုယ် တစ်ခြမ်းစောင်းပြီး သူ့ခြေထောက်ကို ပွတ်နေတဲ့ ရိပေါ်ကို နောက်တစ်ဖက် ထပ်ကန်ပေးပြီး ထ လာလိုက်တယ်။

Beyond Pain  ( Completed )Where stories live. Discover now