' ဒူ ...ဒူ .... ဒူ ......'
' ဟင် !!!!!.'
ရှောင်းကျန့် ဖုန်းသံ ကြားတော့မှ လွန်ခဲ့တဲ့ ၃ လ ကို ရောက်သွားတဲ့ သူ့အတွေးထဲကနေ လက်ရှိ အချိန်ကို ပြန်ရောက်လာတယ်။
' မားမား ....'
' အဟမ်းးးး ဟမ်းးးး...'
ရှောင်းကျန့် သူ့ပါးပေါ်က မျက်ရည်တွေကို အမြန်သုတ် လိုက်ပြီး လည်ချောင်း ရှင်းပြီး ဖုန်းကိုင်လိုက်သည်။
' ဟလို .... မားမား။'
' ဘေဘီ !!!! ဘယ်လိုလဲ အခြေနေ...'
' ဟမ် !!!. ဘာအခြေနေလဲ မားမား။'
' မားမားရဲ့ ဘေဘီ အသဲကွဲနေလား လို့ မေးတာလေ။'
' ဪ ... ဒီလိုပါပဲ မားမားရဲ့။ သား ဘာသာ သား လုပ်ယူထားတဲ့ ကိစ္စပဲလေ။ သား တစ်နေ့ ဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားပါ။'
' မားမား တောင် အဲ့ကောင်လေးကို တွေ့ဖူးချင်လာပြီ။ မားမားရဲ့ ဘေဘီကိုတောင် ခုလို ဖြစ်အောင် လုပ်နိုင်တယ်ဆိုတော့ ...'
' အဟွန်း .... သူက အရမ်းချောတယ်။'
' ဟုတ်လား။ ဒါဆို မားမား လာကြည့်လိုက်ရမလား။'
' ဟင် !!!. မားမား တရုတ် လာမလို့လား။'
' ဘေဘီမှ မားမား ဆီ လာမလည်ချင်တာလေ။ မားမား ကပဲ ဘေဘီကို လွမ်းတော့ မားမား ပဲ လာရမှာပေါ့။'
ရှောင်းကျန့် မားမား တရုတ် လာမယ်ဆိုတာကြောင့် ကိုကို့ အတွက် စိုးရိမ်သွားတယ်။ မားမားက ကိုကို့မှာ လက်ထပ်မယ့် မိန်းကလေး ရှိနေမှန်း သိတာ မဟုတ်ပဲ သူ အသဲကွဲတာ ကိုကိုက သူ့ကို မချစ်ဘူးလို့ပဲ သိထားတာ။
မားမား ဆိုတာ ... ကိုးရီးယားမှာ အမျိုးသမီးတန်မဲ့ ယောကျာ်းလေးတွေ ရင်ဘောင်တန်းပြီး စီးပွါးရေး လုပ်နေတာ ဖြစ်သည်။ သူ့လိုလည်း စိတ်တွေ မနူးညံ့နေပါ။ တရုတ်မှာပဲ ဆိုရင်တောင် ကိုကိုက သူ့ဘဝ ကိုလည်း ယူသွားပြီး ပစ်ထားတာမှန်း သိရင် မားမား ကိုကို့ကို တစ်ခုခု မလုပ်ဘူးလို့ မပြောနိုင်ဘူး။
' အာ ... သား လည်း လာမလို့ပါ။ မနက်ဖြန် ချက်ချင်း ပြန်လာခဲ့မယ်နော်။ မားမား က အလုပ်တွေလည်း ရှိတော့ အလုပ်တွေ ပျက်မှာပေါ့။ သားပဲ ပြန်လာခဲ့မယ်။'
YOU ARE READING
Beyond Pain ( Completed )