Ep - 19

3.8K 210 9
                                    

Seoul Hospital !!!!

' ဘေဘီ ...!!!'

' မားမား ... ဟင့် ဟင့် ...'

ရှောင်မား သူ ဆေးရုံရောက်တာနဲ့ သူ့ရင်ခွင်ထဲ ဝင်လာပြီး ငိုနေတဲ့ ဘေဘီ ကြောင့် ကျောကို ပုတ်ပေးလိုက်သည်။

' မငိုနဲ့ ၊ မငိုနဲ့။ သူ ဘာမှ မဖြစ်နိုင်ပါဘူး။ ဆရာဝန်တွေလည်း အကောင်းဆုံး လုပ်နိုင်မှာပါ။'

' ကိုကို သွေးတွေ အများကြီး ထွက်နေတယ်။ ပြီးတော့ သား ကို လာကယ်ရင်း ဖြစ်သွားတာ။ ကိုကို ခုလို ဖြစ်တော့ သားဘက်က ဘာမှ ပြန်မလုပ်ပေးနိုင်ဘူး။ သွေးကလည်း မတူတော့ လှူလို့ မရဘူး။'

' လာ ... ထိုင်အုံး။ စိတ်အေးအေး ထား။ ခွဲခန်းထဲ ဝင်သွားတာ ကြာပြီလား။'

' ခုနမှ ဝင်သွားတာ၊ ကိုကို့ကို ခွဲခန်းထဲ ခေါ်သွားတာနဲ့ မားမား ဆီ ဖုန်းဆက်လိုက်တာ။ မားမား ကိုကို ... ကိုကို မသေပါဘူးနော်။'

' မသေပါဘူး။ သားပဲ စိတ်အေးအေးထား။ တော်ကြာ အထဲက လူက ဘာမှကြီးကြီးမားမား မဖြစ်ပဲ သားက လဲသွားအုံးမယ်။ သားမှာ ကလေးလေး ရှိသေးတယ်နော်။'

ရှောင်းကျန့် သူ့လက်နဲ့ ဗိုက်ကို ပွတ်မယ် လုပ်တော့ သူ့ လက်မှာရော အင်္ကျီတွေမှာပါ ကိုကို့ရဲ့ သွေးတွေ ပေပွနေတယ်။

' ကိုကို !!! ကျေးဇူးပြုပြီး ဘာမှ မဖြစ်လိုက်ပါနဲ့။ ကျနော်နဲ့ ကလေးလေး ကို ထားမသွားပါနဲ့။ ကျေးဇူးပြုပြီး ... ကိုကို !!!.'

ရှောင်မား တစ်ကိုယ်လုံး သွေးတွေ ပေနေတဲ့ ဘေဘီ ကို ကြည့်ပြီး ...

' ဘေဘီ ... လက်တွေ သွားဆေးလိုက်ပါလား။ အဝတ်ကျတော့ မားမား လူ လွှတ်ပြီး သွားဝယ်ခိုင်းလိုက်မယ်။'

' ဟင့်အင်း။ ကိုကို ဘေးကင်းပြီလို့ မသိရမခြင်း သား ဘယ်မှ မသွားချင်ဘူး။ သား ကိုကို့ကို စောင့်နေချင်တယ်။'

' ဟုတ်ပါပြီ။ ဒါဆို ဒီမှာ ခနနေအုံး။ မားမား ရေ သွားယူလာပေးမယ်။'

ရှောင်မား ဘေဘီ အရမ်း ထိတ်လန့် နေမယ်ဆိုတာ သိတာကြောင့် ရေ တိုက်ဖို့ ရေ သွားယူရင်း ဘေဘီ အတွက် အဝတ်စား တစ်စုံ စီစဉ်ပေးဖို့ သူ့ အတွင်းရေးမှူးကို တစ်ခါတည်း ဖုန်းဆက်လိုက်သည်။

Beyond Pain  ( Completed )Where stories live. Discover now